menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“သွင်းအားစုများ ဈေးမြင့်တက်နေသဖြင့် နွေစပါးအစား နွေနှမ်းကို ပြောင်းလဲစိုက်ပျိုးလာ”
🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾
▶️ဓါတ်မြေသြဇာသွင်းအားစုများ ပြည်တွင်းကာလတန်ဖိုးအရ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် သွင်းအားစုအများစုထည့်သွင်းရသည့် နွေစပါးစိုက်ပျိုးမှုအစား နွေနှမ်းကို ပြောင်းလဲစိုက်ပျိုးလာကြသည် ဟု တောင်သူအချို့ထံမှသိရှိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ လယ်မြေများကို စက်မှုလယ်ယာပုံစံကျဖော်ဆောင်ထားခဲ့ပြီး တစ်နှစ်ပတ်လုံး မိုးစပါး၊ ကုလားပဲနှင့် နွေစပါးအစား နွေနှမ်းကို ပြောင်းလဲစိုက်ပျိုးနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း အဆိုပါမြို့နယ်မှ တောင်သူ ဦးမျိုးသန့်က ပြောသည်။
▶️"(၁၂)လပိုင်းကောက်ကြီးမိုးစပါးရိတ်သိမ်းမှုအပြီး (၁)လပိုင်းထဲမှာ ကုလားပဲကိုတော့ ကြားသီးနှံ အဖြစ်စိုက်ပျိုးပါတယ်။ မတ်လမှာ ကုလားပဲသိမ်းပါတယ်။ မနှစ်ကစပြီး သွင်းအားစုဈေးတွေ ကောင်းလာတော့ နွေစပါးအစား ဆီထွက်သီးနှံ နှမ်းကို ပြောင်းလဲ စိုက်ပျိုးပါတယ်။ ဇွန်လမှ နှမ်းကို ရိတ်သိမ်းရပါမယ်။ နှမ်းပြီးရင် ကောက်ကြီးစပါးမျိုးထုတ်စိုက်ပျိုးပါတယ်။ တစ်နှစ်ကိုသုံးသီးစား စိုက်ပျိုးပါတယ်။ မိုးစပါးပြီးတာနဲ့ ကြားသီးနှံကုလားပဲ စိုက်ပျိုးတာကလည်း ကုန်ကျစရိတ်မများဘူး။ ကြားသီးနှံကုလားပဲကို သွင်းအားစု သုံးစွဲမှုလျော့နည်းတော့ မြေလပ်ထားမယ့်အစား ကြားသီးနှံ ကုလားပဲကို သေချာစိုက်စေချင်ပါတယ်။ကြားသီးနှံစိုက်ပြီး နှမ်းစိုက်တော့ နှမ်းရိုးပြတ်တွေက ဓါတ်မြေသြဇာသုံးစွဲမှု လျော့နည်းစေပါတယ်။ အရေးကြီးတာကတော့ လယ်ကို စက်မှုလယ်ယာပုံစံကျ စနစ်တကျနဲ့ ရေနုတ်မြောင်းတွေ ဖော်ဆောင်ထားဖို့တော့ လိုပါတယ် ” ဟု ၎င်းကပြောသည်။
▶️မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်လယ်မြေများတွင် နွေစပါး၊ မိုးစပါး နှစ်သီးသာ အများဆုံးစိုက်ပျိုးကြပြီး ကြားသီးနှံ ကုလားပဲကို စိုက်ပျိုးမှုလျော့နည်းလာကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။ ပြီးခဲ့သည့်နှစ်များက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များနှင့် ပြည်တွင်းသွင်းအားစုများ မြင့်တက်လာတာကြောင့် ကြားသီးနှံကုလားပဲ စိုက်ပျိုးမှုနည်းကာ အထွက်နှုန်းကျဆင်းမှုများရှိနေသည့်အပြင် ပြည်တွင်းစားသုံးမှု များပြားလာသည့် ကုလားပဲဈေးကွက်မှာ ယခင်နှစ်များထက် ပဲအသစ်ပေါ်ချိန် ဈေးကောင်းရှိခဲ့သည်။
▶️နိုင်ငံခြားသို့ဆန်တင်ပို့မှုလျော့ကျလာခြင်းအပါအဝင် ပြည်တွင်းသွင်းအားစု ဈေးမြင့်တက်လာတာကြောင့် နွေစပါးစိုက်ပျိုးမှုမှာ တွက်ခြေကိုက်မှုနည်းလာတာကြောင့် ဦးမျိုးသန့်အပါအဝင် အနီးအနားမှ တောင်သူများမှာ နွေစပါးအစား နွေနှမ်းကို မနှစ်ကတည်းက ပြောင်းလဲစိုက်မျိုးလာခြင်းဖြစ်သည်။ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းကွင်းဆက်အရ မိုးစပါးစိုက်ပျိုးချိန်တွင် နှမ်းရိုးများကြောင့် မြေဆီပြုပြင်အားဖြည့်ပြီး ဖြစ်ခြင်းကြောင့် သွင်းအားစုထည့်သွင်းမှုကိုလျော့ချနိုင်သည့်အပြင် နောက်မိုးစပါးအတွက်လည်း ဖြစ်ထွန်းမှု ပိုမိုအားကောင်းစေကြောင်း တောင်သူကြီးဦးမျိုးသန့်က ပြောသည်။
Sources : ရွှေမန်း(The Farmer Media)