menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရွှေဘိုပေါ်ဆန်းစပါးသစ် ကျပ် ၁၆ သိန်းထိ ဈေးရရှိနေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
⏫ရွှေဘိုပေါ်ဆန်းစပါးသစ်တွေက ပေါ်ဦးပေါ်ဖျားကာလမှာပဲ ကျပ် ၁၆ သိန်းထိ ဈေးကောင်းရနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။
⏫စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းစပါးအသစ်ဈေးတွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပြီး အရင်နှစ်က ရွှေဘိုပေါ်ဆန်းစပါးအသစ် တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်းသာ ဈေးရခဲ့ပေမယ့် အခုနှစ်မှာတော့ တင်းတစ်ရာကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းအထိ ဈေးရနေတယ်လို့ ဆိုပါတယ်။
⏫ရွှေဘိုပေါ်ဆန်းစပါးသစ်တွေ ဈေးကောင်းသလို ရွှေဘိုပေါ်ဆန်းစပါးအဟောင်းကလည်း တင်းတစ်ရာကို ငွေကျပ်၂၆ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
⏫ဒေသတွင်း အခြေအနေတွေကြောင့် ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းက အရင်နှစ်တွေကထက် လျော့ကျခဲ့ပြီး ပြည်တွင်းစားသုံးမှုဈေးကွက်မှာလည်း ရွှေဘိုပေါ်ဆန်းကိုနှစ်ခြိုက်စွာ စားသုံးကြလို့ စပါးဈေး၊ ဆန်ဈေးတွေကောင်းနေတယ်လို့ သိရပါတယ်။
⏫လတ်တလော ဆန်ဈေးကွက်ထဲ ရွှေဘိုပေါ်ဆန်းအသစ် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ အထိရှိပြီး ဆန်ဟောင်းကတော့ ၂၄ ပြည်တစ်အိတ်ကို ကျပ် ၈၈,၀၀၀ ကနေ ကျပ်တစ်သိန်း ကျော်ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။
⏫သီးနှံဈေးကွက် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : Myanmaplatform