menu

“ယာရှင်း ၉၆၀ အီးစီ” (YAR SHIN 960 EC)

 
🌿🌱🌱🌿🌱🌱🌿🌱🌱🌿🌱🌱🌿

🔹 မကြာမီကာလတွင် နှမ်း စိုက်ပျိုးကြမည့်တောင်သူဦးကြီးများအတွက် နှမ်းခင်းအတွင်း နှမ်းအပင်ပေါက်ပြီးပါမှ ပေါင်း မြက်မျိုးစုံကိုမည်သည့်ရွေးချယ်ပေါင်းသတ်ဆေးမျှ မနှိမ်နင်းနိုင်ပါ။

🔹 နှမ်းစိုက်ပျိုးချိန်တွင် “ယာရှင်း” ပေါင်းသတ်ဆေးကို ပေါင်းအုပ်ဆေးအဖြစ်ထွန်ရေးပြင်ကို ပက်ဖျန်းအသုံးပြုပါက ပေါင်းမျိုးစုံပေါက်မလာအောင် ကာကွယ်တားဆီးပေးနိုင်ပါသည်။

🔹 နှမ်း နှင့် ယာသီးနှံစိုက်ခင်းများအတွက် ပေါင်းမျိုးစုံကာကွယ်နှိမ်နင်းရန် အထူးရွေးချယ်ပေါင်းသတ်ဆေး.....

“ယာရှင်း ၉၆၀ အီးစီ” “ YAR SHIN 960 EC “
ပါဝင်ပစ္စည်း - S-metolachlor 96%

🔹 ယာရှင်းသည်အော်ဂဲနစ်ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ဆေးအုပ်စု Chloroacetamide တွင်ပါဝင်ပါသည်။

🔹 ဓာတ်ကြွင်းအာနိသင်သက်တမ်းနည်းသဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနည်းပြီးမြေတွင်းရှိအကျိုးပြု အဏုဇီဝများအတွက်အန္တရာယ်အလွန်နည်းပါးပါသည်။

🔹 ယာရှင်းသည်သီးနှံမျိုးစေ့နှင့်ပေါင်းမျိုးစေ့များ အညှောင့်မပေါက်မီနှင့်အပင်မပေါက်မီ ထွန်ရေးပြင်ကို ပက်ဖျန်းအသုံးပြုရသောအစွမ်းထက်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။သီးနှံမျိုးစေ့ချပြီးလျှင်ပြီးချင်း (သို့မဟုတ်) မျိုးစေ့ချပြီး( ၂၄)နာရီအတွင်း ကြမ်းတုံးရိုက် (မျိုးစေ့များကိုမြေသားနှင့်ဖုံးအုပ်) ပြီးနောက် ထွန်ရေးပြင် မြေဆီလွှာကို ပက်ဖျန်းအသုံးပြုရပါမည်။

🔹 ဆေးပက်ဖျန်းချိန်တွင်မြေဆီလွှာအတွင်းအစိုဓာတ်လုံလောက်စွာရှိရန်လိုအပ်ပါသည်။ သို့သော်ရေမဝပ်စေရပါ။

🔹 ယာရှင်းသည် နှမ်း၊မြေပဲ ၊ ပဲမျိုးစုံ၊ ဝါ၊ ဂျုံ၊ နှံစားပြောင်း၊ ငရုတ်၊ ခရမ်းချဉ် ၊ အာလူး နှင့် မုန်ညင်း မုန်လာ မျိုးရင်းဝင်များ စသည့်ယာသီးနှံစိုက်ခင်းများတွင်ပေါက်သော တစ်နှစ်ခံမြက်အမျိုးမျိုး နှင့် ရွက်ပြန့်ပေါင်းအမျိုးမျိုး၊ ပေါင်းလေးညှင်း၊ ကျွဲကြောင်မင်ဆေး၊ ကရင်မပန်းဖူး၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ ကပ်စေးနဲ၊ ကန်စွန်းနွယ်၊ တောနှမ်းလေး၊ ဗောက်ခွေး စသည် တို့ကိုပေါက်မလာအောင် ထိရောက်စွာကာကွယ်တားဆီး နှိမ်နင်းနိုင်ပါသည်။

🔹အသုံးပြုရန်နှုန်းထားမှာ.....
ရေ( ၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေးရည် (၈၀-၁၀၀)စီစီနှုန်း နှင့် တစ်ဧကလျှင်ဆေးရည် (၄၀၀-၅၀၀) စီစီအသုံးပြုရန်ဖြစ်ပါသည်။ 

✅စစ်မှန် ပြည့်ဝ ဝိစာရ ✅