menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ယခုသီတင်းပတ်တွင် ဈေးငြိမ်နေတဲ့မတ်ပဲ”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘🔼
🔼ဧရာဝတီမတ်ပဲဟာ တစ်တင်းဈေးနှုန်းကျပ် ၆၇,၀၀၀ ကနေ ဒီလ စက်တင်ဘာလ (၁) ရက်နေ့ ဒေါ်လာဈေးအနည်းငယ်ပြန်အကျမှာ မတ်ပဲဈေးလည်းပြန်ကျသွားပြီး နောက်ပိုင်းရက်တွေမှာတော့ ကျလိုက်တက်လိုက် ပုံမှန်လိုဖြစ်နေခဲ့ပါတယ်။
🔼ယခင်သီတင်းတစ်ပတ်လုံး မတ်ပဲဈေးနှုန်းတွေကတော့ စက်တင်ဘာလ (၃) ရက်နေ့မှာ တစ်တင်းလျှင် ကျပ် ၆၇,၀၀၀ ပြန်ဖြစ်လာတာတွေ့ရပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ (၄) ရက်နဲ့ (၅) ရက်နေ့မှာ ကျပ် ၆၅,၅၀၀ နှင့် ၆၅,၇၀၀ သို့ ပြန်ဆင်းသွားပါတယ်။ (၆) ရက်နေ့မှာ ကျပ် ၆၄,၅၀၀၊ (၇) ရက် နေ့မှာ ကျပ် ၆၅,၃၀၀၊ (၈) ရက်နေ့မှာ ကျပ် ၆၆,၃၀၀၊ (၉) ရက်နေ့မှာ ကျပ် ၆၆,၆၀၀ အသီးသီးဖြစ်ပါတယ်။
🔼မတ်ပဲတင်ပို့မှုနဲ့ ရောင်းလိုအားဝယ်လိုအားတွေ ပုံမှန်အတိုင်းရှိနေပြီး မတ်ပဲဈေးဟာ နေ့စဥ် ငွေကြေး ဈေးနှုန်းပေါ်အဓိကမူတည်ပြောင်းလဲနေတာတွေ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မတ်ပဲအဓိက ဝယ်လက်နိုင်ငံကတော့ မတ်ပဲစိုက်ပျိုးရာသီမှာရော ယခုရိတ်သိမ်းရာသီမှာရော မိုးများနေလို့ အထွက်နှုန်းကျသလိုလို သတင်း Video တွေမှာဖော်ပြနေပေမယ့် ဈေးကွက်ထဲကိုတော့ နေ့စဥ် မတ်ပဲအသစ်တွေဝင်နေတယ်လို့ လေ့လာသူတွေကပြောပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ပြည်တွင်း မတ်ပဲဈေးဟာလည်း အကျဘက်မှာရှိနေပါတယ်။ သို့သော်လည်း မတ်ပဲရဲ့နှစ်စဥ်ဖြစ်နေကျ အခြေအနေကတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုကြပါတယ်။
🔼ပဲလိုအပ်ချက်များတဲ့နိုင်ငံဖြစ်တဲ့အတွက် မြန်မာမတ်ပဲ၊ ပဲစဥ်းငုံကို ဆက်လက်ဝယ်ယူတင်သွင်းနေရမှာ ဖြစ်ပါတယ်။ မြန်မာမတ်ပဲရဲ့ဈေးနှုန်းကတော့ ပြည်ပအဝယ်နဲ့ ဝယ်လက်နိုင်ငံရဲ့ မူဝါဒတွေအပေါ်မှာ မူတည်နေရာကနေ ယခုကာလမှာတော့ ပြည်တွင်းငွေကြေးဈေးနှုန်းပေါ်မှာလည်း မူတည်နေတာဖြစ်လို့ ဈေးတက်လာနိုင်ဦးမယ်လို့ ခန့်မှန်းထားကြပေမယ့် ရေရှည်ခန့်မှန်းချက်တွေတော့ မလုပ်နိုင်ကြသေး ပါဘူး။
🔼နောင်လာမယ့်ပဲစိုက်ရာသီမှာလည်း မျိုးနဲ့သွင်းအားစုတွေရဲ့ဈေးနှုန်း၊ သယ်ယူပို့ဆောင်စရိတ်စကတွေ မြင့်မားနေတာကြောင့် ပဲစိုက်ဧရိယာနဲ့ပဲအထွက်နှုန်းတွေလျော့ကျနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ပဲဟောင်းလက်ကျန်ရှိခဲ့လျှင်လည်း ရှိသလောက်တင်ပို့ရောင်းချနေရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မတ်ပဲဈေးနှုန်းများ တက်ရိပ်ပြလာလိုက် ၊ ဈေးပြန်ဆင်းသွားလိုက်ဖြစ်နေပြီး ဈေးတန်းတစ်ခု အတွင်းမှာပဲတည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါတယ်။
🔼သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
9-9-2022