menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ယခုသီတင်းပတ်တွင် ပဲ၊ နှမ်းစျေးကွက်တစ်ခုလုံး ဈေးမြင့်တက်ခဲ့”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅ယခုသီတင်းပတ်အတွင်း ပြည်တွင်းရွှေစျေး၊ ဒေါ်လာငွေစျေး အပြောင်းအလဲများမြန်ဆန်ခဲ့မှုကြောင့် ပြည်တွင်းပဲမျိုးစုံနှင့် နှမ်းစျေးကွက်တစ်ခုလုံး ဈေးများမြင့်တက်ခဲ့ကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရပြီး ကျွန်းစားတော်ပဲမှာမူ တစ်အိတ်ကျပ် ၄၂၀,၀၀၀ ထိ စံချိန်တင် စျေးဖြစ်ခဲ့သည်ကိုတွေ့ရသည်။ ပြည်တွင်းပဲမျိုးစုံနှင့်နှမ်းစျေးကွက်မှ မနက်တစ်စျေး၊ ညနေတစ်စျေးနှုန်းဖြင့် အရောင်း အဝယ် သွက်ခဲ့ပြီး ပို့ကုန်ပဲများအပါအဝင် လက်ကျန်နည်းလာသည့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာလည်း အလားတူ စျေးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။
✅ထို့ပြင် အသစ်ဝင်မြေပဲဆံများမှာလည်း ယခင်သီတင်းပတ်က ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ယခုသီတင်းပတ်တွင်ပြန်လည်မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ “ပဲနှမ်းစျေးတွေ ကတော့ အကျမရှိ အကုန်စျေးတက်ပါတယ်။ ကုလားပဲတွေကလည်း လက်ကျန်နည်းလာတော့ စျေးဆက်တက်လာတယ်။ အဓိကတော့ ပြည်တွင်း ဒေါ်လာစျေး၊ ရွှေစျေးတွေ မြင့်တက်တာနဲ့အတူ ပဲ၊ နှမ်းစျေးတွေလည်း အမျိုးအစားအလိုက် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ တက်ကုန်တာပါပဲ။ ပို့ကုန်ပဲတွေ အပါအဝင် ပဲမျိုးစုံစျေးတက် ဝယ်လိုအားလည်းကောင်းနေပါတယ်။ အသစ်ဝင် မြေပဲဆံလည်း စျေးပြန်တက်နေပါတယ်။ လက်ရှိမှာတော့ ပို့ကုန်ပဲတွေ ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲအုပ်စုတွေ ကတော့ ယခင်နှစ်ကာလတူထက်စောပြီး ပစ္စည်းပြတ်လပ်မယ့်အခြေအနေပါ” ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ🫘
ပို့ကုန်ပဲ ဝယ်လိုအားပိုကောင်းလာတာကြောင့် ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံစျေး သုံးတင်းဝင်တစ်အိတ် ကျပ် ၂၀,၀၀၀ ခန့် စျေးမြင့်တက်ခဲ့သည်။ လက်ရှိတွင် ပြည်ပပို့ ပဲအမျိုးအစားများ အမြင့်ဆုံးစျေးကို ရောက်ရှိလာရာ သြဂုတ် (၃၁) ရက်တွင် မတ်ပဲ ပိဿာ၆၀ တစ်အိတ် ၂၀၅,၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ် ၁၉၈,၀၀၀၊ ပဲတီစိမ်း အညာ ၁၆၅,၀၀၀ အထိ ပေါက်စျေးဖြစ်ခဲ့သည်။
🥜မြေပဲ🥜
မြေပဲထွက်ရှိရာဒေသအစုံမှ အသစ်ဝင်ရောက်လာသည့်မြေပဲဆံများ ယခင်သီတင်းပတ်က စျေးအနည်းငယ်ကျဆင်းသော်လည်း ယခုသြဂုတ်လကုန်ပိုင်းရက်များတွင် စျေးမြင့်တက်ခဲ့ရာ ပို့ကုန် မြေပဲ S1လုံးဆံများမှာ တစ်ပိဿာကျပ် ၇,၀၅၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၆,၅၀၀ မှ ၇,၀၀၀ ထိ စံချိန်တင်ပေါက်စျေးဖြစ်ခဲ့သည်။ အနိမ့်ဆုံး ပြည်တွင်းဆီဆံအမျိုးအစားပင် တစ်ပိဿာကျပ် ၆,၅၀၀ ပေါက်စျေးရှိနေသည်။ မြေပဲဆီတစ်ပိဿာကျပ် ၁၄,၅၀၀၊ နှမ်းဆီ တစ်ပိသာ ငွေကျပ် ၁၁,၀၀၀၊ စားအုန်းဆီ ၁၂,၀၀၀ ကျော်ပေါက်စျေးဖြစ်လာသည်။
✅ပြည်တွင်းသုံး ကုလားပဲအုပ်စုတွေ လက်ကျန်နည်းလာသဖြင့် စျေးမြင့်တက်လာသကဲ့သို့ ပဲမာလိုင်းများ လည်း စျေးမြင့်တက်လာရာ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ စံချိန်တင်စျေးများအဖြစ် စျေးမြင့်တက်ခဲ့သည်။ သြဂုတ် (၃၁) ရက်တွင် ကုလားပဲ V2 တစ်အိတ် ၂၀၃,၀၀၀ ကျပ်၊ ပဲယင်း တစ်အိတ် ၁၆၀,၀၀၀ ကျပ်၊ ပဲကြီးတစ်အိတ်၂၃၅,၀၀၀ ကျပ်၊ ပဲထောပတ် တစ်အိတ် ၁၇၀,၀၀၀ ကျပ်၊ စွန်တာပြာ တစ်အိတ် ၁၅၃,၀၀၀ ကျပ်၊ မြေထောက်ပဲ တစ်အိတ် ၂၆၀,၀၀၀ ကျပ်၊ ကျွန်းစားတော်ပဲ တစ်အိတ် ၄၂၀,၀၀၀ ကျပ် အထိ စံချိန်တင်စျေးဖြစ်လာသည်ကို တွေ့ရသည်။
Sources : ရွှေမန်း