menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ယခုရက်များတွင် ကြက်သွန်ဖြူ စျေးကောင်းရနေ
🧄🧄🧄🧄🧄🧄🧄🧄🧄🧄
☑️ ကြက်သွန်ဖြူအသစ်များ ဝင်ရောက်နေသော်လည်း ကြက်သွန်ဖြူစျေးများ ပြန်လည်မြင့်တက်လာ ကြောင်း ကုန်သည်များနှင့် စားသုံးသူများထံမှသိရသည်။ ယခုနှစ် ကြက်သွန်ဖြူပေါ်ချိန် တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းနေသည့် ကြက်သွန်ဖြူများ အဝင်နည်းလာသည့်အတွက် စျေးကောင်းရနေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
☑️ “လက်ရှိ ကြက်သွန်ဖြူကတော့ ဈေးတော်တော်လေးကောင်းတယ်လို့ ပြောလို့ရတယ်။ အခုနှစ်ကတော့ နယ်စပ်မှ တရားမဝင်ကြက်သွန်တွေ သိပ်မဝင်ဘူး။ ဒါကြောင့် ဈေးကောင်းရနေတာ။ စျေးတွေကတော့ အမြဲတမ်းပြောင်းနေတော့ စျေးကိုပုံမှန်တင်ရောင်းလို့ မရဘူးဖြစ်တယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကြက်သွန်ပွဲရုံတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
☑️ ဖေဖော်ဝါရီ(၁၄)ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူကြူကုတ်ရှယ် တစ်ပိဿာလျှင် ၉,၀၀၀ မှ ၉,၂၀၀ အထိသာရှိခဲ့ပြီး လက်ရှိတွင် ၉,၂၀၀ မှ ၉,၄၀၀ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။ ထို့အပြင် အောင်ပန်း ထူး -၂ တစ်ပိဿာလျှင် ၁၅,၈၀၀ မှ ၁၆,၅၀၀ သို့ လည်းကောင်း၊ အောင်ပန်း ထူး-၃ တစ်ပိဿာလျှင် ၁၆,၂၀၀ မှ ၁၇,၀၀၀ သို့ လည်းကောင်း၊ အောင်ပန်း ထူး- ၅ တစ်ပိဿာလျှင် ၁၇,၀၀၀ မှ ၁၇,၈၀၀ အထိလည်ကောင်း အသီးသီးပြန်လည်မြင့်တက်လာကြောင်း သိရသည်။
☑️ လမ်းပန်ဆက်သွယ်ရေးအခက်အခဲများကြောင့်အဝင်နည်းလာ၍ ရှမ်းကြက်သွန်ဖြူများ မြင့်တက်နေခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပွဲရုံ တစ်ချို့ကပြောပါသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ကြက်သွန်ဖြူ တစ်ပိဿာလျှင် အများဆုံးစျေး ၅,၀၀၀ ဝန်းကျင်သာရှိခဲ့တာကြောင့် ၃ဆအထိ ခုန်တက်သွားခြင်း ဖြစ်သည်။
☑️ “လွန်ခဲ့တဲ့ (၅)ရက်လောက်က ကြက်သွန်ဖြူဈေးပြန်ကျသွားတယ်၊ တစ်ပိဿာကို ၁၂,၀၀၀ ပဲ ဝယ်ရတယ် ။ အခု တစ်ပိဿာကို ၁၅,၀၀၀ ပြန်ဖြစ်နေပြီး စျေးတွေကတစ်နေ့နဲ့တစ်နေ့မတူဘူး အမြဲ ပြောင်းနေတယ်” ဟု ရန်ကုန် ဒဂုံမြို့သစ်မှ စားသုံးသူတစ်ဦးက ပြောသည်။
☑️ ပြည်တွင်းစိုက်တောင်သူများအနေဖြင့်လည်း ဈေးကောင်းရရှိနေကြောင်း အောင်ပန်းကုန်စည်ဈေးကွက်မှ သိရသည်။ လက်ရှိ ရှမ်းပြည်နယ်ဘက်တွင် အထူး - ၂ တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး အထူး - ၅ တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပြီး ဒေသတစ်ခုနှင့်တစ်ခု စျေးကွာနိုင်ကာအချိန်မရွေးပြောင်းလဲနေကြောင်းသိရသည်။
☑️ ကြက်သွန်ဖြူကို အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ နှင့် မတ်လများ ကြက်သွန်အသစ်များပေါ်ကြောင်းသိရသည်။
☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)