menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ယခုနှစ်ပြည်ပသို့ ရာဘာတန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ရန်လျာထား”
🌳🌳🌳🌳🌳🌳🌳🌳🌳🌳
⏩လက်ရှိ ကမ္ဘာ့ရာဘာစျေးမှာ အကျဘက်သို့ရောက်ရှိနေပြီး ယခုနှစ်တွင် ရာဘာတန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ရန်လျာထားကြောင်းသိရသည်။
⏩ဒေါ်လာငွေကြေးတည်ငြိမ်ပြီး တင်ပို့မှုအပိုင်းတွင် မူဝါဒများမပြောင်းလဲပါက ယခုနှစ်တွင် တန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ရန်လျာထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။ ယခင် ကမ္ဘာ့ရာဘာပေါက်စျေးမှာ ဒေါ်လာ၂,၀၀၀ ဝန်းကျင်ထိရှိခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၁,၅၀၀ ဝန်းကျင်သာရှိတော့ကာ အကျဘက်သို့ ရောက်နေကြောင်းသိရသည်။
⏩“ကမ္ဘာရာဘာစျေးက အကျဘက်သို့ သွားနေတယ် ၁,၅၀၀ပဲ ရှိတော့တာ အများကြီးကျသွားတယ်။ ကမ္ဘာနိုင်ငံတွေမှာလဲအရေးအခင်းပြဿနာတွေအများအပြားရှိကြတယ်။ ဒီနှစ် ပြည်ပတင်ပို့တဲ့အခါမှာ မူဝါဒတွေခဏခဏမပြောင်းရင်တော့ တန်ချိန်၃သိန်းခွဲထိ တင်ပို့ဖို့လျာထားတယ် နှစ်စဉ် တန်ချိန်က ၃သိန်းကျော်အထိ တင်ပို့နေတာပေါ့။ အဓိက တရားမဝင်တင်ပို့မှုပေါ်မှာ မူတည်တာပေါ့၊ ငွေကြေးစျေး ဘာညာနဲ့တွက်ချက်ပြီး Oversea က ပို့လို့ကိုက်တယ်ဆိုရင်တော့ ပိုပြီးတင်ပို့နိုင်မှာပေါ့၊ အဲ့ဒီလိုမဟုတ်ပဲ ငွေကြေး ကမှောက်ကမ ဖြစ်နေရင်တော့ တရားမဝင်တင်ပို့မှုဘက်ကိုပြောင်းသွားမှာ” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။
⏩လက်ရှိ ပြည်ပတင်ပို့နိုင်ရန်အတွက် ပစ္စည်းစုဆောင်းမှုများ ပြုလုပ်ကြပြီး တင်ပို့ရာတွင်လည်း မူဝါဒ ပိုင်းအပြင် တခြားအခက်ခဲများစွာရှိကြောင်း ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။ လက်ရှိ ရာဘာခြံပြန်ဖွင့်ချိန် ကမ္ဘာ့ရာဘာစျေးပုံမှန်ခန့်တွင် ရှိနေခြင်းဖြစ်ပြီး ပြည်တွင်း၌ရာဘာတစ်ပေါင် လျှင် ၁,၂၀၀ မှ ၁,၂၅၀ ကြား အတွင်းအရောင်းဝယ်ဖြစ်နေကြောင်းသိရသည်။
⏩“ဒီတစ်ပတ်အတွင်းမှာတော့ ဒီစျေးကပုံမှန်အနေအထားဖြစ်နေတယ်။ ကမ္ဘာ့ရာဘာစျေးကတော့ အကျဘက်ကို သွားနေတယ်။ တွက်ခြေကိုက်လားဆိုတော့ ဒီကာလမှာ ပြောရတာအရမ်းခက်တယ်၊ ပြည်တွင်း ဒေါ်လာစျေးတွေမြင့်နေတာမို့ စျေးကဒီလောက်ရောက်နေတာ။ အဲ့ဒါနဲ့ အတူတူ ထုတ်လုပ်စရိတ်တွေမြင့်သွားတယ်၊ အခုစျေး လက်ရှိအခြေအနေက လုပ်သာကိုင်သာရှိနေသေးတယ်လို့ ပြောလို့ရပါတယ်” ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦး က ပြောသည်။
⏩ပြည်တွင်းရာဘာမှာ ပြည်ပတင်ပို့မှုသာအဓိကရှိပြီး ပြည်တွင်းသုံးစွဲမှုနည်းသည့် ပစ္စည်းဖြစ်သောကြောင့် နိုင်ငံတကာစျေးပေါ်မှာပဲ မူတည်ကြောင်းသိရသည်။ ရာဘာ တစ်နိုင်ငံလုံးစိုက်ဧကမှာ တစ်သန်း ခြောက်သိန်း နှင့် လေးသောင်းကျော် အထိရှိပြီး စိုက်ပြီးသားဧကထဲမှ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် အထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်းသိရသည်။
⏩လက်ရှိတွင် မြန်မာ့ရာဘာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ နှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြည်ပနိုင်ငံများသို့ နှစ်စဉ် ရာဘာတန်ချိန် သုံးသိန်းခွဲကျော် တင်ပို့လျက်ရှိကြောင်းလည်းသိရသည်။ ရာဘာကို မြန်မာနိုင်ငံတောင် ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)