menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ယခုနှစ်တွင် မိုးစပါးဧက (၁၅) သန်းစိုက်ပျိုးရန်လျာထားပြီး (၁၁) သန်းကျော် စိုက်ပျိုးပြီးစီ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▪️ယခုနှစ်တွင် မိုးစပါးကိုနိုင်ငံတစ်ဝန်း ဧကပေါင်း(၁၅)သန်းစိုက်ပျိုးရန်လျာထားပြီးဩဂုတ်လ တတိယပတ်အထိ ဧက(၁၁)သန်းကျော်စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။“စိုက်ပျိုးပြီးစီးတာ ရာခိုင်နှုန်းအားဖြင့် ၇၃.၃၉ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မိုးစပါးစိုက်ပျိုးရာသီက မကုန်သေးတော့လျာထားချက်ပြည့်စိုက်ပျိုးနိုင်မှုအခြေအနေကပြောလို့မရသေးပါဘူး” ဟု စိုက်ပျိုးရေး ဌာနဦးဆောင်ညွှန်ကြားရေးမှုး ဦးကိုကိုကြီးကပြောသည်။
▪️ထို့ပြင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတည်ဆောက်ထိန်းသိမ်းထားသည့်ရေလှောင်တမံပေါင်း(၂၃၅)ခုအနက်ယခုနှစ်မိုးရာသီတွင် ယခင် ၂၀၁၉ခုနှစ် မိုးရာသီကာလထက်ရေဝင်နည်းသည့် ရေလှောင်တမံပေါင်း(၁၁၅)ခုအထိရှိနေကြောင်း၊ သို့သော်ယခုနှစ်မိုးစပါးစိုက်ရာသီတွင်မိုးစပါးများ အတွက်ကြီးမားသည့်ထိခိုက်မှုများမရှိနိုင်ကြောင်းသိရသည်။ယခုနှစ်မိုးစပါးစိုက်ရာသီတွင်နိုင်ငံတစ်ဝန်းတွင် ဆည်ရေသောက်ဧရိယာများအတွင်း မိုးစပါးစိုက်ဧက(၁၃)သိန်းစိုက်ပျိုးသွားရန်လျာထားပြီး လက်ရှိအချိန်အထိမိုးစပါးဧက(၂)သိန်းခန့်စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
▪️“၂၀၁၉ ခုနှစ်မိုးရာသီတုန်းကတော့မိုးစပါးဧက ၁,၃၉၀,၀၀၀ စိုက်ပျိုးဖို့လျာထားခဲ့ပြီး အဲဒီနှစ်ကလည်း မိုးရွာသွန်းမှုနည်းပြီး ဆည်ရေဝင်ရောက်မှုနည်းတဲ့အတွက် မိုးစပါးစိုက်ဧက ၁,၁၆၀,၀၀၀ ပဲအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုဒီနှစ်မှာလည်းလျာထားချက်ကမနှစ်ကထက်နည်းပါတယ်။ ဧကနှစ်သိန်း လောက်ပဲစိုက်ပျိုးပြီးတာဖြစ်လို့ ကျန်တာတွေကိုလည်း မိုးကိုမျှော်ပြီးတော့စိုက်ပျိုးရမှာဖြစ်ပါတယ်။ လျာထားတဲ့စိုက်ဧက(၁၃)သိန်းမှာ မနှစ်ကလိုအနည်းဆုံး(၁၁)သိန်းလောက်တော့စိုက်ပျိုးနိုင်မယ် လို့တော့မျှော်လင့်ထားပါတယ်” ဟုဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်စိုးကပြောသည်။
▪️လက်ရှိဆည်ရေလက်ကျန်များအရမိုးရာသီလက်ကျန်ကာလနှင့် တွက်ဆ၍ မိုးစပါးစိုက်ဧက (၁၃)သိန်း သို့မဟုတ် အနည်းဆုံးစိုက်ဧက (၁၂)သိန်းခန့်ကိုအောင်ရေအထိပေးဝေစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်ဆည်ရေသောက်မိုးစပါးစိုက်ဧကများတွင်စစ်ကိုင်းတိုင်းဒေသကြီးက စိုက်ဧကလေးသိန်းကျော် ဖြင့် အများဆုံးစိုက်ပျိုးရန်လျာထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်ကစိုက်ဧကနှစ်ထောင်ကျော်ဖြင့် အနည်း ဆုံးလျာထားခြင်းဖြစ်ကြောင်းသိရသည်။
▪️မိုးစပါးစိုက်ဧကအများဆုံးစိုက်ပျိုးနေသည့် ဧရာဝတီတိုင်းဒေသကြီးတွင်ဧက (၃၁)သိန်းကျော်အထိ စိုက်ပျိုးပြီးဖြစ်ကာ လျာထားချက်မှာ ဧက (၃၅) သိန်းဖြစ်ကြောင်း အနည်းဆုံးလျာထားသည့် ကယား ပြည်နယ်တွင်မိုးစပါးစိုက်ဧက ငါးသောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မြင့်ဇော်ထွန်း
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၂၄-၃၀)ရက်။