menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ယခုတစ်ပတ် ပဲတီစိမ်းအညာ ဈေးမြင့်တက်လာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ တရုတ်ပို့ကုန်ပဲများ အဝယ်သွက်လာပြီး ယခုတစ်ပတ်တွင် ပဲတီစိမ်းအညာမှာ ဈေးမြင့်တက်လာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံကသိရသည်။
➡️ ပဲတီစိမ်းအညာမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀ ထိ ပေါက်ဈေးဖြစ်လာရာ တစ်အိတ်လျှင် ငွေကျပ်၂၀,၀၀၀ ခန့် ယခင်သီတင်းပတ်ထက် ဈေးမြင့်တက်လာသည်။ တရုတ်နိုင်ငံမှအဝယ်များသည့် ပဲတီစိမ်းနှင့် နှမ်းမျိုးစုံဈေးကွက် အဝယ်သွက်နေကြောင်း၊ ပဲတီစိမ်းအညာတစ်မျိုးသာ ဈေးမြင့်တက်လာသော်လည်း အခြားပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲမရှိ ပုံမှန်သာ အရောင်းအဝယ်ရှိနေကြောင်း၊ လက်ရှိ ပဲ၊ နှမ်း ဈေးကွက်သို့ မိုးမြေပဲနှင့် မိုးနှမ်းမျိုးစုံ ဒေသစုံအဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။
➡️ "ပို့ကုန်ပဲတွေ ဈေးနှုန်းအနည်းငယ်ကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း ဈေးငြိမ်နေပါတယ်။ မြေပဲဆံဈေးတွေကတော့ ပုံမှန်သာ အရောင်းအဝယ်ရှိနေတာပါ။ နှမ်းမျိုးစုံက အဝင်ကောင်းတော့ ဈေးအနည်းငယ်ပြန်ကျပေမယ့် အဝယ်ကတော့သွက် နေပါတယ်။ တရုတ်ဝယ်လက်တွေအဝယ်ကောင်းလာလို့ ပဲတီစိမ်းအညာဈေးတွေက မြင့်တက်လာပါတယ်။ ပို့ကုန်ပဲတွေလည်း ဒေါ်လာဈေးအငြိမ်နဲ့အတူ ဈေးအနည်းငယ်ကျရိပ်ပြလာပါတယ်" ဟု ၎င်းကပြောသည်။
➡️ နိုဝင်ဘာ(၇)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ မတ်ပဲ(အသစ်)တစ် အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ ပဲစင်းငုံမှာအရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀ ပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးငြိမ်နေရာ နိုဝင်ဘာ(၇)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၃,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၃,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာဈေးငြိမ်နေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၅၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ်၈,၂၀၀ - ၈,၃၀၀ ပေါက်ဈေးရှိနေသည်။
➡️ နှမ်းမျိုးစုံမှာ ပို့ကုန်သမားများအဝယ်ကောင်းသဖြင့် နိုဝင်ဘာ(၇)ရက်တွင် နှမ်းမျိုးစုံ အရောင်း အဝယ်ပြန်သွက်နေရာ နှမ်းနက်(စမုံ) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၆၀၀,၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၅၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀၊ နှမ်းဖြူ(ဗမာ) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)