menu

သယ်ယူပို့ဆောင်ရေး အခက်ခဲများကြောင့် ဟင်းသီးဟင်းရွက်ဈေးကွက် အေးနေ


🥦🌽🌶🍅🍆🥦🌽🌶🍅🍆🥦

🔘လက်ရှိ အခြေအနေများတွင် သယ်ယူပို့ဆောင်ရေး အခက်ခဲများဖြစ်ကာ ဈေးကွက်အေးနေကြောင်း ဟင်းသီးဟင်းရွက်ဒိုင်များထံမှသိရသည်။ ဟင်းသီးဟင်းရွက်များ အဓိကဝင်ရောက်နေသည့်မြို့များတွင် ကန့်သတ်ချက်များကြောင့် ယာဉ်အဝင်အထွက်ပြုလုပ်၍မရကာ ကုန်စည် သယ်ယူပို့ဆောင်ရေးအပိုင်းမှာ အခက်ခဲများ ဖြစ်နေကြောင်း သိရသည်။

🔘"သယ်ယူပို့ဆောင်ရေး အခက်ခဲဖြစ်လို့ ကားအထွက်နည်းသွားတယ်။ မော်လမြိုင် ၊ သထုံ ဘက်ကနေ အဝင်များကြတယ်။ အခုက သိပ်မထွက်ကြတော့ဘူး။ အကန့်အသတ်တွေ ရှိကြတော့ ကုန်သည်တွေက ပို့ပေမဲ့ ကားသမားတွေက မထွက်ကြတော့ဘူး။ ကားသမားလဲ ရှားသွားတယ်" ဟုအောင်ပန်းမြို့ မှ ဟင်းသီးဟင်းရွက်ဒိုင် ဦးမြင့်ဆွေ ကပြောသည်။

🔘သို့ဖြစ်ပါ၍ ပွဲရုံများတွင် ဟင်းသီးဟင်းရွက်အဝင် ပုံမှန်မရှိသောကြောင့် ဈေးနှုန်းမှာလည်း လိုက်ပါ၍ တည်ငြိမ်မူ မရှိကြောင်းလည်း သိရသည်။လက်ရှိတွင် ဂေါ်ဖီပန်းပွင့် တစ်ပွင့် ၃၀၀ ၊ဂေါ်ဖီထုတ် တစ်ထုတ်လျှင် ၁၇၀ ၊ ခရမ်းချဉ်သီး တစ်ပိသာလျှင် ၇၀၀ ၊ ဥနီ တစ်ပိသာ လျှင် ၄၀၀ မှ ၇၀၀ ၊ ငရုပ်ပွ ၅၀၀ ၊ ရွေပဲသီး တစ်ပိသာ လျှင် ၃,၀၀၀ နှင့် ဗိုလ်စားပဲသီး တစ်ပိဿလျှင် ၁,၅၀၀ အသီးသီး ပေါက်ဈေးရှိပြီး တစ်ရက်နှင့် တစ်ရက် ဈေးနှုန်း အနည်းငယ်ပြောင်းလဲနိုင်ကြောင်းသိရသည်။

🔘"ဈေးနှုန်းကတော့ မတည်ငြိမ်ဘူး။ ရန်ကုန် ၊ မန္တလေး မှာ ကားထွက်ရောင်းလို့မရရင် ဈေးက ပြုတ်သွား တယ်။ ရောင်းရရင် ဈေးကပြန်တက်တယ်။ ဈေးတွေတော့ မပိတ်ဘူး။ ဒါပေမယ့် ရောင်းကွက် ကျလည်း မရောင်းရဘူး'' ဟု ဦးမြင့်ဆွေက ဆက်လက်ပြောသည်။ နှစ်စဉ် ယခုလိုအချိန်မျိုးတွင် ဈေးနှုန်း မှာလည်း အတက်ဘက်တွင် ရှိလေ့ရှိပြီး အရောင်းရဆုံး အချိန် ဖြစ်ကြောင်းသိရသည်။လက်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာ အကျဘက်တွင်ရှိနေပြီး အရောင်းအဝယ်လဲ အေးစက်လျက်ရှိကြောင်း ကုန်စည်ဒိုင်များမှ သုံးသပ်ပြောကြသည်။သိုဖြစ်ပါ၍ ရန်ကုန်ဘက်သို့ဟင်းသီးဟင်ရွက်ကား အဝင် နည်းကာ ဈေးနှုန်းမှာ အနည်းငယ် အတက်ဈေးဘက်ရှိကြောင်း သီရိမင်္ဂလာဈေးရှိ ကုန်သည်များထံမှ သိရသည်။

🔘"ကုန်အဝင်က နည်းသွားတယ်။ သုံးရက်ခြား တစ်ခါလောက်ပဲဝင်တယ်။ ဈေးကွက်ကတော့ အရောင်းဝယ်အေးတယ်။ ရန်ကုန်မှာက စားသောက်ဆိုင်တွေ မဖွင့်ကြဘူး။ ပါဆယ်ကုန် က ခရီးသွားရာသီမှာ ဟိုတယ်တွေက ဝယ်ကြတာများတာ။ အခုချိန်မှာ ဘယ်ခရီးမှ သွားမရသလို ဟိုတယ်တွေလည်းသိပ်မဖွင့်ကြတော့ အရောင်းဝယ်ကအေးတယ်။ အိမ်သုံးဖို့လဲ အဝယ်သိပ်မရှိဘူး။ အဝင်နည်းပေမယ့် အဝယ်မရှိတော့ဈေးကလည်း အများကြီးတက်မသွားဘူး'' ဟု သီရိမင်္ဂလာဈေးရှိ ပါဆယ်ကုန်းစိမ်း ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှ ကိုမင်းသန့် ကပြောသည်။

🔘အဆိုပါ ဟင်းသီးဟင်းရွက်များအား တောင်ကြီး ၊ ပင်းတယ၊ လွိုင်ကော်တို့တွင် အဓိကထား စိုက်ပျိုး လျက်ရှိပြီး ပြည်ပသို့ ဟင်းသီးဟင်းရွက်များ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Sources : AMIA (Farmer Digital TV)