menu
ဓာတ်မြေသြဇာများ   > နှင်းပုလဲ အထွက်တိုးဓာတ်မြေဩဇာ

နှင်းပုလဲ အထွက်တိုးဓာတ်မြေဩဇာ

Category ဓာတ်မြေသြဇာများ
ပါဝင်သောပစ္စည်းများ နိုက်ထရိုဂျင် (N) - ၃၃%၊ ဆာလ်ဖာ (S) – ၁၂%
မြေဩဇာမှတ်ပုံတင်အမှတ် ထလ/(၁၆၄၅)
အာနိသင်ဖော်ပြချက် -သီးနှံအမျိုးအစားမရွေးအသုံးပြုနိုင်သည်။
-နိုက်ထရိုဂျင်နှင့်ဆာလ်ဖာ(၂)မျိုးလုံးချို့တဲ့သောမြေများတွင် ပို၍သင့်တော်ပါသည်။
-နိုက်ထရိုဂျင်နှင့်ဆာလ်ဖာချို့တဲ့ခြင်းကြောင့်ဖြစ်သော အပင်များကြီးထွားမှုနှေးကွေးခြင်းနှင့် အပင်အရွက် ဝါခြင်းများကိုတားဆီးပေးနိုင်ပါသည်။
-နိုက်ထရိုဂျင်နှင့်ဆာလ်ဖာသည် ပရိုတိန်း၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများလည်းဖြစ်ပါသည်။
-သီးနှံပင်များ၏ အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေသဖြင့် သီးနှံထွက်နှုန်းမြင့်မားစေပြီး အရည်အသွေးကောင်းသော သီးနှံများရရှိစေပါသည်။
-နှင်းပုလဲမြေဩဇာသည် ရေတွင်ပျော်ဝင်လွယ်ပြီး သီးနှံပင်များလွယ်ကူလျင်မြန်စွာစုပ်ယူနိုင်သဖြင့်လေလွင့်ဆုံးရှုံးမှုနည်းပါသည်။
-စပါး၊ဂျုံ၊ပြောင်း၊နှမ်း၊မြေပဲ၊ဝါ၊ကြံ၊ငှက်ပျော၊ကြက်သွန်၊အာလူး၊ငရုတ်၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက် တို့တွင် အသုံးပြုနိုင်ပါသည်။
-သီးနှံပင်များအပင်ကြီးထွားချိန်ကာလအတွင်း နှစ်ကြိမ်ခွဲ၍ အသုံးပြုနိုင်ပါသည်။
အသားတင်အလေးချိန် (၅၀) ကီလိုဂရမ်