menu
ဟော်မုန်းဆေးများ   > ဘိုစတာ အထွက်တိုးမြှင့် ဟော်မုန်းဆေး

ဘိုစတာ အထွက်တိုးမြှင့် ဟော်မုန်းဆေး

Category ဟော်မုန်းဆေးများ
အစွမ်းရှိပစ္စည်း GA3 2.0% g/L + Nitrophenol Compoun 7.1% g/L
ဆေးမှတ်ပုံတင်အမှတ် F2019-1996
အာနိသင်ဖော်ပြချက် -မျိုးစေ့များကို ဆေးရည်စိမ်စိုက်ပျိုးခြင်းအားဖြင့် အပင်ပေါက်နှုန်း ကောင်းစေသည်။
-ပျိုးပင်များကိုဆေးရည်စိမ်ပြီးစိုက်ခြင်းအားဖြင့် အမြစ်ထွက်မြန်စေပြီး အမြစ်စွဲအား ကောင်းစေသည်။
-အပင်ငယ်စဉ် ပက်ဖျန်းပေးပါက အပင်လျင်မြန်စွာကြီးထွားစေပြီး ပွင့်ကိုင်း၊ သီးကိုင်းများ၊ ဖြာထွက်အားကောင်းစေသည်။
-အနည်းလိုအာဟာရဓာတ်(၉)မျိုးပူးတွဲပါရှိသဖြင့် အထွက်နှုန်းနှင့်အရည်အသွေးပါကောင်းမွန်ပြီး ဈေးကွက်ဝင်စေသည်။
အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း -အဖူးအပွင့်ဖြိုင်ချိန်၊သီးကင်းဝင်ချိန် ပက်ဖျန်းပေးပါက အညှာခိုင်၍ အသီးကြီးထွားစေသည်။
-စွယ်ချချိန်၊ ဥချချိန်ဖျန်းပေးပါက ဥများကြီးထွား၍ အထွက်နှုန်းတိုးစေသည်။
-အကြိမ်ကြိမ်ခူးဆွတ်ရသော သီးနှံများတွင် ခူးဆွတ်ပြီးတိုင်းပက်ဖျန်းပေးပါကထပ်မံသီးပွင့်ကာ အထွက်တိုးစေပါသည်။
ဆေးနှုန်းထား ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၆၀-၁၀၀)စီစီ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS (-)