menu
FAQ   > Fungicide   > ကွမ်းဆီစွန်း၊ ရိုးမဲဆစ်ပြုတ်ရောဂါကို ဘယ်လိုကုသရပါလဲ ?

ကွမ်းဆီစွန်း၊ ရိုးမဲဆစ်ပြုတ်ရောဂါကို ဘယ်လိုကုသရပါလဲ ?

ကွမ်းရောဂါမှန်သမျှကို ဓာတုဆေးတစ်မျိုးကိုသာ အားကိုးပြီး ကာကွယ်နှိမ်လို့တော့ ဘယ်လိုနည်းနဲ့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အစိုဓာတ်မများအောင် ဂရုစိုက်ခြင်း၊ အပင်ဖြစ်မြေဩဇာနဲ့ အားဆေးများ လျှော့ခြင်း၊ နေရောင်နဲ့လေဝင်လေထွက် အသင့်အတင့်ရအောင် ဆောင်ရွက်ခြင်းစတဲ့ နည်းစနစ်ကောင်းများနဲ့ ဓာတုဆေးတွဲဖက်ဖြေရှင်းမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကွမ်းဆီစွန်း၊ ရိုးမဲဆစ်ပြုတ်ရောဂါအတွက် (ကျူပရိုမက် + ကာစင်) ဆေးများကို ကွမ်းခူးပြီးတိုင်း (၁၅)ရက်တစ်ကြိမ် ပုံမှန်ပက်ဖျန်းပေးသင့်ပါတယ်။