Category | ရောဂါကာကွယ်ကုသဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Kasugamycin 2% |
ဆေးမှတ်ပုံတင်အမှတ် | F2018-1692 |
အာနိသင်ဖော်ပြချက် | ပင်လုံးပြန့်အာနိသင်ရှိ ကာကွယ်မှုနှင့် ကုသမှုပေးနိုင်သော မှိုနှင့်ဘက်တီးရီးယား ရောဂါသတ်ဆေးရည်ဖြစ်သည်။ အဓိကနှိမ်နင်းနိုင်သောရောဂါ -စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ရွက်စင်းရောဂါ၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား ၊အာလူး၊ ပဲမျိုးစုံ ဘက်တီးရီးယားပင်ညှိုး၊ ဘက်တီးရီးယားရွက်ပြောက်၊ ကြက်သွန်နီ ဘက်တီးရီးယား ဥပုပ်၊ မုန်လာထုပ် ဘက်တီးရီးယား ရွက်ပြောက်၊ ကော်ဖီ ဘက်တီးရီးယားအနက်ပြောက် ။ အသုံးပြုနည်း - ရွက်ဖျန်း။ |
အသုံးပြုရန်အညွှန်း | စပါးဘက်တီးရီးယားရွက်ခြောက်နှင့်စပါးဂုတ်ကျိုးရောဂါများအတွက်ပိုပြီးထိရောက်စေရန် ကျူပရိုမက်စ်ရောဂါသတ်ဆေးနှင့်ရောစပ်အသုံးပြုပါ။ အာလူး၊ခရမ်းချဉ် ဘက်တီးရီးယားပင်ညှိုးရောဂါနှင့် ခရမ်းချဉ်ဘက်တီးရီးယားရွက်ပြောက်ရောဂါများကို ကာကွယ်ခြင်း၊ကုသခြင်းတို့အတွက် အစွမ်းထက်သည်။ သခွားနှင့်ဖရဲတွင်ကျရောက်သောဘက်တီးရီးယားပင်ညှိုးရောဂါကိုကာကွယ်ကုသရန် အပင်ခြေမြေကြီးကိုပက်ဖျန်းခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ ပဲမျိုးစုံတွင်ကျရောက်သော ဘက်တီးရီးယားရွက်ပြောက်နှင့်မှဲ့ပြောက်စွန်းရောဂါများကိုနှိမ်နင်းနိုင်ပါသည်။ ကြက်သွန်အပျော့ပုပ်ရောဂါနှင့် ကွမ်းရိုးမဲဆစ်ပြုတ်ရောဂါများကိုလည်းကာကွယ်ကုသနိုင်သည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံး (၅၀-၁၂၀)စီစီ နှုန်း။ တစ်ဧကလျှင် (၅၀၀-၁၂၀၀)စီစီ နှုန်း။ တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၁၀)ပုံး အသုံးပြုပါ။ |
PHI | ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက်-(၁၄-၂၁)ရက် |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၅) |