menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မိုးရာသီမှာ ကျရောက်တတ်သည့် “ငရုတ် ဘက်တီးရီးယားပင်ညှိုးရောဂါ”
🍂🌶🍂🌶🍂🌶🍂🌶🍂🌶🍂
(Bacterial Wilt Of Chilli)
ရောဂါဖြစ်စေသက်ရှိ - Pseudomonas solanacearum.
ရောဂါကျရောက်သည့်အချိန် - မိုးရာသီ
ရောဂါ လက္ခဏာ
---------------
စိုက်ခင်းတွင်နေရာကွက်ကြား ကျရောက်ခြင်း(သို့မဟုတ်)အစုလိုက်ကျရောက်ခြင်းဖြစ်သည်။ အပင်ကြီးများတွင် အောက်အရွက်များမှလည်းကောင်း၊ အပင်ငယ်များတွင် အပေါ်အရွက်မှလည်းကောင်း စတင်ညှိုးပါသည်။ ရက်အနည်းငယ်ကြာသော် ရုတ်တရက်အပင်တပင်လုံး ညှိုးနွမ်းသွားပါသည်။ အရွက်ဝါခြင်းကို မတွေ့ရှိရပါ။ ပင်စည်၏အောက်ပိုင်း အစာရေကြောစည်း နှင့် အမြစ်တို့သည် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရပါသည်။ ပင်စည်၏အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နွားနို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထုတ်ရည် ထွက်ရှိလာသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်ပါသည်။
ရောဂါသံသရာ
------------
အပူပိုင်း၊ သမနွေးပိုင်း ရာသီဥတုရှိသောဒေသများတွင် မိုးများသောအချိန်၌ ငရုတ်ဘက်တီးရီးယား ရောဂါသည် အဓိက ကျရောက်လေ့ရှိသည်။ ရောဂါဖြစ်စေသော ဘက်တီးရီးယားသည် အခြားလက်ခံ သီနှံပင်များစွာတွင် ကျရောက်နိုင်ပြီး မြေထဲတွင်နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ စိုက်ခင်းထဲတွင် မြေအစိုဓာတ်များခြင်း၊ ရေဝပ်ခြင်းများရှိပါက ရောဂါလျှင်မြန်စွာဖြစ်ပေါ်စေပါသည်။
ကာကွယ်နှိမ်နင်းနည်း
-------------------
▪️ သီးနှံအလှည့်ကျစိုက်ပါ။
▪️ လေဝင်လေထွက်ကောင်းရန် အခြားလက္ခံသီးနှံပင်များနှင့် ပေါင်းမြက်များကို ရှင်းလင်းပါ။
▪️ မြေကိုနွေထယ်ရေးခံ၍ စိုက်ပါ။
▪️ ငရုတ်မျိုးရင်းဝင်မဟုတ်သော သီးနှံများဖြင့်သာ အလှည့်ကျ စိုက်ပျိုးပါ။
▪️ စိုက်ခင်းများ၊ ပျိုးထုပ်များတွင် ရေများခြင်း၊ ရေဝပ်ခြင်းမရှိစေရန် အထူးဂရုပြုပါ။
▪️ ဘာလီဆိုဒ် နှင့် ကျူပရိုမက်စ် (သို့မဟုတ်) ကာစင် နှင့် ကျူပရိုမက်စ် ဆေး(၂)မျိုးကို ရောစပ်၍ အရွက်နှင့် အပင်ခြေမြေကြီးအထိရောက်အောင် ကြိုတင်ပက်ဖျန်းပေး၍ ကာကွယ်နိုင်ပါသည်။
Sources : Saya U Than Win Agri & PP(MAS)