menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"သီးနှံပင်များတွင် ရွက်ဖျန်းမြေဩဇာအသုံးပြုသင့်သော အခြေအနေများ"
🍃🌸🍃🌼🍃🌸🍃🌼🍃🌸🍃
↗️သီးနှံပင်၏အရွက်များမှ ရေနှင့်အာဟာရဓာတ်များ စုပ်ယူနိုင်ကြောင်းကို လွန်ခဲ့သော(၃)ရာစုကတည်းက တွေ့ရှိခဲ့ပြီး ၊ စပျစ်တွင် ရွက်ဖျန်းမြေဩဇာများကို (၁၉) ရာစုကတည်းက စတင်သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ယနေ့အချိန်တွင် ရွက်ဖျန်းမြေဩဇာများသည် သီးနှံထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရာအတွက် အရေးကြီးသောအခန်းကဏ္ဍ မှပါဝင်လျှက်ရှိပါသည်။
↗️ရွက်ဖျန်းမြေဩဇာအသုံးပြုခြင်းသည် မြေသြဇာတိုက်ရိုက်ကျွေးခြင်းကို လျှော့ချခြင်းနှင့် အစားထိုးအသုံးပြုရန်မဟုတ်ဘဲ အပင်လိုအပ်သည့်အာဟာရဓါတ်များကို အရွက်မှတစ်ဆင့် လျှင်မြန်စွာ ရရှိနိုင်ရန် ထပ်မံဖြည့်စွက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သီးနှံပင်နှင့် ပတ်ဝန်းကျင်အခြေအနေ အရ ရွက်ဖျန်းမြေသြဇာအသုံးပြုသင့်သောအခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။
↗️သီးနှံပင်များတွင် ရွက်ဖျန်းမြေဩဇာအသုံးပြုသင့်သောအခြေအနေများမှာ .....
၁။ မြေဆီလွှာအတွင်း သီးနှံပင်အတွက် လိုအပ်သောအာဟာရများ လုံလောက်မှုမရှိသောအချိန်။
၂။ မိုးရွာသွန်းမှုမရှိဘဲ ရေသွင်းခြင်းပြုလုပ်ရန် ခက်ခဲနေသောအချိန်။
၃။ မြေဆီလွှာချဉ်လွန်း၊ ငံလွန်းခြင်းကြောင့် အပင်၏အမြစ်မှ အာဟာရများစုပ်ယူစားသောက်မှုမပြုနိုင် ချိန်။
၄။ ရာသီဥတုခြောက်သွေ့ခြင်း၊ ရေဝပ်ခြင်း၊ ရာသီဥတုအေးခြင်းစသည့်အခြေအနေတို့ကြောင့် အပင်မှအာဟာရများ အလွယ်တကူမရနိုင်သောအခြေနေများ။
၅။ ပန်းပွင့်ချိန်တွင် အမြစ်ဖွံဖြိုးမှုနှင့်အမြစ်၏လုပ်ဆောင်ချက်များ လျော့ကျသွားလေ့ရှိသောကြောင့် လိုအပ်သောအာဟာရဓါတ်များအချိန်မှီမရရှိနိုင်မှုဖြစ်ပေါ်တတ်သဖြင့် ၎င်းအချိန်တွင် ရွက်ဖျန်း မြေဩဇာများကို အသုံးပြုပေးရန် လိုအပ်ပါသည်။
Sources : စိုက်ပျိုးရေးရာအထွေထွေဗဟုသုတများ