menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရာသီဥတုကောင်းမွန်သဖြင့် နဂါးမောက်သီးအထွက်နှုန်း ကောင်းမွန်နိုင်
🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃
➡မန္တလေးတိုင်းဒေသကြီးအတွင်း ရာသီဥတုကောင်းမွန်မှုကြောင့် မကြာမီထွက်ရှိတော့မည့် နဂါးမောက် သီးများမှာ ယခင်နှစ်ကထက် အထွက်နှုန်းပိုကောင်းနိုင်ကြောင်း နဂါးမောက်သီးစိုက်ပျိုးသူများက ပြောသည်။
➡ယမန်နှစ်က လက်ရှိကာလတွင် အမြင့်ဆုံးအပူချိန် ၄၂ မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် လက်ရှိအချိန်အထိ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိသာ ရှိခြင်းကြောင့် အပူချိန်လျော့ကျကာ နဂါးမောက်သီးများ ပိုမိုထွက်ရှိနိုင်သည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း နဂါးမောက်စိုက်ပျိးသူ ဦးမျိုးဇော်က ပြောသည်။
➡“မနှစ်က အပူချိန်ပိုခဲ့တဲ့အတွက် အသီးက ၄၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တယ်။ ဒီနှစ်မှာတော့ ၇၀ ရာခိုင်နှုန်းလောက်အထိ ထွက်နိုင်မယ်။ အသီးအရည်အသွေးကလည်း အပင်ပေါ်မှာ သီးနေတဲ့ အနေအထားအရ အရည်အသွေးကောင်းတယ်၊ ဈေးကွက်ကောင်းရင် ဒီနှစ်ဈေးကောင်း ရနိုင်မယ့် နှစ် ဖြစ်နိုင်တယ်”ဟု ဦးမျိုးဇော် က ပြောသည်။
➡၂၀၂၀ ပြည့်နှစ်တွင် အသီးတစ်လုံးတွင် ငွေကျပ် ၇၀၀ သာရရှိခဲ့သဖြင့် ယင်းဈေးနှုန်းထက် ပိုမိုရရှိနိုင်မည့်အခြေအနေတွင်ရှိကြောင်း၊ တစ်လုံးလျှင် ကျပ် ၁,၀၀၀ ဝန်းကျင် ရရှိနိုင်မည့်အခြေအနေတွင် ရှိကြောင်း နဂါးမောက်စိုက်ပျိုးသူများထံက သိရသည်။
➡နဂါးမောက်အပင်ကို တစ်ဧကလျှင် အပင်ရေ ၁,၆၀၀ အထိ စိုက်ပျိုးနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အဖြစ် ကျပ်သိန်း ၃၀ ဝန်းကျင်ခန့်ရှိကြောင်း၊ နှစ်ရှည်သီးနှံအပင်ဖြစ်ပြီး ဈေးကွက်ကောင်းသဖြင့် စိုက်ပျိုးသင့်သောအပင်အမျိုးအစားဖြစ်ကြောင်း၊ အသီးလှိုင်လှိုင်ထွက်ရှိချိန်မှာ ဧပြီလကုန်မှ နိုဝင်ဘာလကုန်အထိဖြစ်ကြောင်း သိရပါသည်။
မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)