menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အမြင့်စျေးဖြင့် အဝယ်သွက်နေသည့် ပဲ၊ နှမ်းဈေးကွက် အခြေအနေ .....
🌿🍀☘️🍀🌿☘️🌿🍀☘️🍀🌿
🔸အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲများရှိခဲ့သော်လည်း ပို့ကုန်အုပ်စုဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံ နှစ်မျိုးမှာ ယခုရက်သတ္တပတ်အတွင်း ဈေးပြန်လည်ကောင်းမွန်လာပြီး မြေပဲ ၊နှမ်းနှင့် ပဲမာလိုင်းများမှာလည်း အမြင့်စျေးဖြင့် အဝယ်သွက်နေေကြောင်း ပဲ ၊နှမ်းကုန်သည်များထံက သိရသည်။
🔸မတ်ပဲနှင့် ပဲစင်းငုံစျေးကွက်မှာ ယခုသီတင်းပတ်တွင် ဈေးပြန်လည်မြင့်တက်လာပြီး ပြည်တွင်းသုံး ပဲမာလိုင်းများမှာမူ စျေးမြင့်တက်မှုမရှိသော်လည်း အရောင်းအဝယ် သွက်နေသည်ဟု မန္တလေးတိုင်း ဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔸“မတ်ပဲစျေးပြန်မြင့်တက်လာတယ်။ ပဲစင်းငုံစျေးလည်းပြန်ကောင်းလာတယ်။ ပဲမာလိုင်းတွေကတော့ မထူးဘူး။ အမြင့်စျေးနဲ့ ငြိမ်နေတယ်။ စျေးကျဆင်းနေတဲ့ပို့ကုန်ပဲတွေ စျေးအမြင့်နဲ့ ငြိမ်နေတယ်။ ဝယ်လိုအားလည်းကောင်းနေတယ်။ နှမ်းနက်ကတော့ ငြိမ်နေတယ်။ မြေပဲစျေးလည်း စျေးနှုန်းအပြောင်းအလဲမရှိ ဆက်ငြိမ်နေပြီး အရောင်းအဝယ်သွက်နေတယ်။ ပြည်တွင်းသုံး ကုလာပဲစျေးတွေ အပြောင်းအလဲနည်းပြီ အရောင်းအဝယ်ကတော့ ခပ်သွပ်သွပ်ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း ကုန်သွယ်မှုပြန်ကောင်းလာပါပြီ” ဟု ၎င်းက ပြောသည်။
🔸ပဲစင်းငုံ၊ မတ်ပဲ ၊ ပဲတီစိမ်း🔸
မတ်ပဲ နှင့် ပဲစင်းငုံမှာ စျေးပြန်ကောင်းလာပြီး ပဲတီစိမ်းအရောင်းအဝယ်မှာမူ ရန်ကုန်စျေးကွက်တွင်သာ ဖြစ်နေသည်။ ဖေဖော်ဝါရီ (၂၃) ရက်က မတ်ပဲ သုံးတင်းဝင်တစ်အိတ် အရည်အသွေးအလိုက် ကျပ် ၁၂၃,၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ ဝင်တစ်အိတ် ကျပ် ၁၂၇,၀၀၀ အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။
🔸မြေပဲ ၊နှမ်းနက်🔸
ပြည်တွင်း စားအုန်းဆီဈေး တဖြေးဖြေးမြင့်တက်လာခြင်းနှင့်အတူ မြေပဲဆံစျေးကွက်မှာ ဖေဖော်ဝါရီ လဆန်းပိုင်းရက်များကတည်းက စျေးမြင့်တက်လာရာ ဖေဖော်ဝါရီလ(၂၃) ရက် အထိ စျေးကောင်းကာ အဝယ်အသွက်ဆုံးဖြစ်နေသည်။ မြေပဲဆံအမျိုးအစားအလိုက် တစ်ပိဿာ (၅၀-၇၅) ကျပ် စျေးမြင့်တက်လာသည်။
နှမ်းနက်မှာမူ သုံးတင်းတစ်အိတ်ကျပ် ၂၁၀,၀၀၀ ဖြင့် ယခင်အတိုင်း စျေးကျဆင်းမှုမရှိပဲ အဝယ်လည်း ပြန်လည်ကောင်းနေကြောင်း သိရသည်။ ဖေဖော်ဝါရီ (၂၃) ရက်တွင် နှမ်းနက် (အလတ်စ) သုံးတင်းဝင်တစ်အိတ် ကျပ် (၁၈၀,၀၀၀-၁၉၅,၀၀၀-၂၁၀,၀၀၀) စျေးရှိနေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၃၇,၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။ မြေပဲလုံးဆံမှာမူ တစ်ပိဿာကျပ် ၃,၃၇၅ ၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၂,၉၅၀ ၊ ပြန့်လုံးဆံ၊ပြန့်ဆီဆံ တစ်ပိဿာကျပ် ၃,၁၅၀ စျေးထိ ဖြစ်လာသည်။
🔸အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၁၆,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၂၃,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၄၃,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၄၃,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၀၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူးတစ်အိတ် (၅၇.၂၅ ပိဿာ) ကျပ် ၁၁၄,၀၀၀ ပေါက်စျေးရှိရာ ယခင်သီတင်းပတ်ထက် ပဲမာလိုင်းများ အမြင့်စျေးနှင့်စျေးငြိမ်လျက်ရှိသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Myanmar)