menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ဈေးငြိမ်နေသည့် မန္တလေးစပါးဈေးကွက်”
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔️မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူများလက်ဝယ်၌ စပါးမရှိသလောက်နည်းပါးနေပြီး လှောင်လက်များထံရောက်ရှိနေသော်လည်း ဝယ်လက်များကဈေးပေးဝယ်ယူမှု မရှိသောကြောင့် စပါးဈေးငြိမ်နေကြောင်း စပါးပွဲစားအချို့ထံမှ သိရသည်။
✔️“စပါးက တောင်သူတွေလက်ထဲမရှိသလောက်ဖြစ်နေတယ်။ စပါးကို အစောပိုင်းကဝယ်လှောင်ကြတဲ့ ဆန်စက် နဲ့ လှောင်လက်တွေထဲရောက်ကုန်ပြီ။ ဝယ်သူတွေပေးတဲ့ဈေးကို မရောင်းတော့ပဲ ဈေးပိုတောင်းနေကြတယ်။ အဝယ်က ဈေးမလိုက်တော့ ဈေးငြိမ်နေတဲ့သဘောပါ” ဟု စပါးပွဲစားတစ်ဦးကပြောသည်။
✔️လက်ရှိစပါးပေါက်ဈေးမှာ ရွှေဘိုဘေးကြား တင်းတစ်ရာလျင် ငွေကျပ် ၂၁ သိန်း ဝန်းကျင်ဖြင့် ဈေးဖွင့် ဝယ်ယူနေသော်လည်း စပါးလက်ကျန်ရှိသောတောင်သူများက ငွေကျပ် ၅၀,၀၀၀ ပိုပေးရန် ဈေးတောင်းနေရာ ဝယ်လက်များကလည်း ဈေးပေးဝယ်ယူမှုမရှိသောကြောင့် ဈေးငြိမ်နေကြောင်း သိရသည်။
✔️“လက်ရှိစပါးတွေ မရှိတော့ပေမယ့် နောက်ထပ်စပါးအသစ်တွေ လာတော့မှာဖြစ်လို့ ဈေးငြိမ်သွားတာလည်း ဖြစ်နိုင်တယ်။ စပါးလှောင်ချိန်မှာ ဝယ်ထိန်းထားသူတွေလက်ထဲ အတော်များများရောက်ချိန်မှာ စပါးက တောင်သူလက်ထဲမရှိဖြစ်သွားတယ်။ အဲဒီမှာ ဈေးကစားလာကြတယ်” ဟု ဆန်ပွဲစားတစ်ဦးက ပြောသည်။
✔️စပါးအမျိုးအစားအလိုက် တင်းတစ်ရာ ဈေးနှုန်းများမှာ ငွေကျပ် ၁,၈၀၀,၀၀၀ မှ ၂,၄၀၀,၀၀၀ ဝန်းကျင်ရှိပြီး ပေါ်ဆန်းဘေးကြားဆန်(အဟောင်း) မှာ တစ်တင်းလျင် ငွေကျပ် ၁၁၀,၀၀၀ ၊ အသစ်မှာ ငွေကျပ် ၉၀.၀၀၀ ဝန်းကျင်ရှိကြောင်း၊ ဇန်နဝါရီလမှစ၍ ဆန်အမျိုးအစားအလိုက် ဆန်တစ်ပိုင်းလျှင် ငွေကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင် ဈေးတက်ခဲ့ကြောင်း ဆန်ဈေးကွက်မှ သိရသည်။
✔️စပါးသီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း