menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ကွမ်းရွက်ပင် အမြစ်ဆွေး/အမြစ်ပုပ်ရောဂါ
ကွမ်းရွက်ပင် အမြစ်ဆွေး/အမြစ်ပုပ်ရောဂါ
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
အပင်ရောဂါတစ်ခုဖြစ်ရင် ဆေးကိုချည်းအားကိုးနေလို့ မရပါဘူး.. ဆေးတွေဘယ်လောက်သုံးသုံး... အပင်အတွက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးမပေးနိုင်ရင် သုံးတဲ့ဆေးတွေက ထိရောက်မှုနည်းပါလိမ့်မယ်.. ကွမ်းပင်အမြစ်ဆွေးအမြစ်ပုပ် ဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေက...
▪️ ကွမ်းခြံရေဝပ်ခြင်း၊
▪️ အစိုဓာတ်များခြင်း၊
▪️ ကွမ်းခြံမြေမှာ အမာခံလွှာ hard pan ရှိလို့မြေအောက်ရေမျက်နှာပြင်နီးခြင်း၊
▪️ အမြစ်ဇုံရေမွန်းခြင်းများကြောင့်ဖြစ်ပါတယ်။
ဒါတွေကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ .....
ကွမ်းခြံကမြေအနိမ့်အမြင့်ရှိရင် နိမ့်တဲ့ဖက်ခြံတစ်ဖက်စွန်းမှာ (၃)ပေအနက်လောက် ဖြတ်မြောင်းတူးပေးပြီး၊
မြေအနိမ့်အမြင့်မရှိ ညီညာတယ်ဆိုရင်တော့ ကွမ်းခြံကိုပတ်ပြီး (၃)ပေအနက်လောက် ပတ်မြောင်းတူးပေးရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဒီဖြတ်မြောင်း/ပတ်မြောင်းတွေကို ရေထုတ်မြောင်းနဲ့ ဆက်သွယ်ပေးထားရပါမယ်။ ဒါမှသာ ကွမ်းခြံထဲက မလိုအပ်တဲ့ရေပိုရေလျှံများ ဖြတ်မြောင်း/ပတ်မြောင်းများမှတဆင့် ကွမ်းခြံမြေထဲက စွန့်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ပေးပြီးရင်တော့ ကွမ်းပင်ခြေရင်းကိုဖြစ်စေ၊ စိုက်ဘောင်မြေကြီးအားလုံးကိုဖြစ်စေ ထီး (သို့) ဘာလီဆိုဒ် မှိုသတ်ဆေးတစ်မျိုးမျိုးကိုစိုရွှဲအောင်ဖျန်းပေးထားရင် ဒီရောဂါအတွက် ကောင်းကောင်းစိတ်ချရပါပြီ။
Than Win Agri