menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်းနက်ဈေးများကျဆင်းနေပြီး ပို့ကုန်သမားများဝယ်လိုအားကောင်းနေ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
➡️ နယ်စုံမှအသစ်ဝင်နှမ်းနက်များ ဈေးကွက်အတွင်းဈေးအနည်းငယ်ကျဆင်းမှုရှိလာသော်လည်း ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေကြောင်း ကုန်သည်များထံမှသိရသည်။
➡️ ဒီဇင်ဘာလဆန်းပိုင်းတွင် နှမ်းနက်ပေါက်ဈေးမှာ ယခင်အမြင့်ဆုံးဈေးထက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀,၀၀၀ ခန့် ဈေးကွာခြားမှုရှိနေသောကြောင့် ဈေးပြန်လည်မြင့်တက်နိုင်သဖြင့် မျှော်မှန်းကာ ဝယ်လိုအားကောင်းနေခြင်းဖြစ်သည်။
➡️ ဒီဇင်ဘာလဆန်းပိုင်းမှာ ပဲကုန်သည်များ ငွေပေးချေမှုအခက်အခဲရှိသောကြောင့် ပဲ၊နှမ်း ဈေးကွက်မှာ အရောင်းအဝယ် အနည်းငယ်အေးလာကြောင်း၊ နှမ်းနက်တစ်မျိုးသာဈေးကျဆင်းမှုကြောင့် ပို့ကုန်သမား လှောင်လက်သမားတွေငွေနိုင်သလောက် အရောင်းအဝယ်ရှိနေကြောင်း၊ ကုလားပဲအုပ်စုမှာ ကုန်ချောပဲခြမ်း အရောင်းအဝယ်အေးသဖြင့် လက်ကျန်ရှိသော်လည်း ဈေးမြင့်တက်လာခြင်းမရှိကြောင်း၊ ဆီစက်ပိုင်များ ဆီအရောင်းအေးနေသော်လည်း မြေပဲဆံမှာ ဆက်လက်ဝယ်လိုအားကောင်းနေဆဲဖြစ်ကြောင်း ပဲကုန်သည်ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ပိုင်ရှင်က ပြောသည်။
➡️ "ဒီဇင်ဘာလဆန်းပိုင်းမှာ ကုန်သည်တွေငွေပေးချေမှုအခက်အခဲရှိလို့ ပမာဏများများ အရောင်းအဝယ်အေးသွားပါတယ်။ အကျဈေးဖြစ်နေတဲ့ နှမ်းနက်ကတော့ ဆက်လက်ဝယ်လိုအားကောင်း နေသလို ငွေနိုင်သလောက်အရောင်းအဝယ်ကောင်းနေပါတယ်။ ပဲဖတ်ဈေးကတော့ အနည်းငယ်ဈေးကျသွားသလို မြေပဲဆီဆံကတော့ ဆက်လက်အရောင်းအဝယ်ကောင်းနေပါတယ်" ဟု ၎င်းကပြောသည်။
➡️ ဒီဇင်ဘာ(၃)ရက်တွင် ပို့ကုန်ပဲများမှ ပဲစင်းငုံဈေးမြင့်တက်လာရာ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၉,၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၅၇,၀၀၀၊ ပဲတီစိမ်း(အညာ)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၃၅,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ V2 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ V7သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၅,၀၀၀၊ 929 ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၃၇,၀၀၀ ပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ဒီဇင်ဘာ(၃)ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၆၈၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၉၀၀,၀၀၀၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀ ပေါက်ဈေးရှိနေသည်။
➡️ နှမ်းမျိုးစုံဈေးကွက်မှာ ဒီဇင်ဘာ(၃)ရက်တွင် နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၇၃၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ နှမ်းညိုသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆံတစ်ပိဿာလျှင် ငွေကျပ် ၈,၇၀၀ - ၈,၈၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၃,၀၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၆,၇၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)