menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲတီစိမ်း၊ မတ်ပဲတွင် ဖြစ်ပွားတတ်သော “ခါးရိရောဂါ”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
✅ပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုးပြီးပါက မိမိတို့၏ စိုက်ခင်းများတွင် ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ “ခါးရိရောဂါ”ကျရောက်ခြင်းပင်ဖြစ်သည်။ ခါးရိရောဂါသည် သီးနှံ အပင်ဦးရေကို လျော့နည်းစေရုံ သာမက အထွက်နှုန်းကိုပါလျော့ကျစေသည့်အတွက် ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးချိန်တွင် ကြိုတင်ပြင်ဆင်နိုင်ရန် အကြံပြုရေးသားရခြင်းဖြစ်ပါသည်။
✅“ခါးရိရောဂါ”သည် မြေဆောင်ရောဂါတစ်မျိုးဖြစ်ပြီး ပဲတီစိမ်း၊ မတ်ပဲ အပင်အောက်ခြေပိုင်းဖြစ်သည့် ပင်စည်နေရာတွင် ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ ထို့နောက်အပင်ခါးရိလာပြီး အပင်အပေါ်ပိုင်း အလေးချိန်ကို မခံနိုင်သည့်အတွက်ယိုင်လဲမှုများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ရောဂါဒဏ်ကို မခံနိုင်သည့်အတွက်ကြောင့် စိုက်ခင်းများထဲတွင် အကွက်လိုက်သေဆုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
✅မျိုးတစ်မျိုးကို တစ်နေရာတည်း နှစ်စဉ်စိုက်ပျိုးပါက ခါးရိရောဂါ ကျရောက်တတ်ပါသည်။ ရောဂါဖြစ်စေသည့် သက်ရှိမှာ မြေကြီးထဲတွင် တစ်နှစ်ပတ်လုံးနေနိုင်သည့်အတွက် နောက်နှစ်မျိုးစေ့ချချိန်တွင် ကူးစက်ပြီး အပင်ငယ်စဉ် မြေတွင်းအစိုဓာတ်များချိန်တွင်အဓိကအားဖြင့် စတင်ကျရောက်ပါသည်။ ထို့ကြောင့် ဒေသမျိုးတစ်မျိုးထဲကို နှစ်စဉ်ဆက်တိုက်မစိုက်ပျိုးဘဲ သီးလှည့်စိုက်ပျိုးခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။
✅“ခါးရိရောဂါ” ကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများမှာ .....
☑️ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုသာရွေးချယ်စိုက်ပျိုးပါ။
☑️သီးနှံမစိုက်ပျိုးမီ ထည်ထိုး၊ ထွန်မွှေပေးပါ။
☑️သဘာဝမြေဆွေး(နွားချေး၊ ကြက်ချေး) များကို မြေခံတွင်ထည့်သွင်းပေးပါ။
☑️သီးနှံစိုက်ပျိုးပြီးချိန်တွင် စိုက်ခင်းကိုရေမဝပ်စေရန် အထူးဂရုစိုက်ပါ။
☑️နိုက်ထရိုဂျင်မြေသြဇာများကို ပမာဏများများကျွေးခြင်းမှရှောင်ကျဉ်ပါ။
☑️ရောဂါကျရောက်လာပါက ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပါ။
☑️သီးနှံမစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှစိုက်ပျိုးပါ။
☑️သီးနှံအပင်ပေါက်ပြီးချိန်တွင် ရောဂါဖြစ်စေနိုင်သည့်ရာသီဥတုအခြေအနေဖြစ်ပေါ်လာပါက (သို့မဟုတ်) ရောဂါလက္ခဏာစတင်တွေ့ရှိပါက “ဘာလီဆိုဒ် ၅ အက်စ်အယ်လ်” ဆေးကို အပင်ခြေမြေပြင်အထိရောက်အောင်ပက်ဖျန်းပေးရပါမည်။
Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ