menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက် (၄.၅.၂၀၂၁ မှ ၇.၅.၂၀၂၁) ထိ
🌧⛈☀️🌦🌨🌧⛈☀️🌦🌨
➡ယခုတစ်ပတ်အတွက် ခန့်မှန်းချက်ကတော့ မွန်၊ ကရင်၊ တနင်္သာရီတိုင်း တို့မှာ တိမ်အနည်းငယ် ထူထပ်နေပြီး ကျန်ပြည်နယ်နဲ့ တိုင်းများမှာ နေသာနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ မိုးအသင့်အတင့်ရွာနိုင်ပြီးတနင်္သာရီတိုင်းမှာတော့ မိုးရွာရန်ရွာနှုန်း ၉၀ ရာခိုင်နှုန်းရှိပါတယ်။
နေ့ နှင့် ညအပူချိန်
----------------
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် (၃၂-၃၆) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၅-၂၇) ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တိမ်အနည်းငယ် ထူထပ်နိုင်ပြီး နေ့အပူချိန် (၃၅-၃၇) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၅-၂၇) ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးအုံ့နေနိုင်ပြီး နေ့အပူချိန် (၃၀-၃၃) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၃-၂၆) ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာတော့ နေ့အပူချိန် (၂၆-၃၁) ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန် (၁၈-၂၀) ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ မိုးရွာနိုင်ချေရှိပြီး နေ့အပူချိန် (၂၈-၃၂) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၂၃-၂၅) ဒီဂရီစင်တီဂရိတ် ရှိပါတယ်။
တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------
မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ တိမ်များ ထူထပ်အုံ့ဆိုင်းနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ တိမ်ကင်းစင်ပြီး ရာသီဥတုသာယာနိုင်ပါတယ်။
လေတိုက်နှုန်း အခြေအနေ
-----------------------
လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၇ မိုင်နှုန်းရှိနိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၄ မိုင်နှုန်းခန့်သာရှိနိုင်ပါသည်။
Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန