menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ယခုသီတင်းပတ်အတွက် ပို့ကုန်ပဲမျိုးစုံ နှင့် ပဲ၊ နှမ်းဈေးကွက် .....
🫛🥜🫛🥜🫛🥜🫛🥜🫛🥜🫛
↗️ ယခုသီတင်းပတ်အတွင်း နယ်စုံမှဝင်ရောက်လာသော အသစ်ဝင်မြေပဲဆံများ အဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းများ အရောင်းအဝယ်အေးနေကြောင်း ကုန်သည်များထံမှသိရသည်။
↗️ နိုဝင်ဘာလဆန်းပိုင်းတွင် မန္တလေးပဲဈေးကွက်အတွင်း နယ်စုံမှ အသစ်ဝင်မြေပဲဆံများ အဝယ်သွက်နေသည်။ မန္တလေးဈေးကွက်တွင် အသစ်ဝင်မြေပဲဆံတစ်မျိုးသာ အရောင်းအဝယ်သွက်နေပြီး အခြားပို့ကုန် မတ်ပဲ၊ ပဲစင်းငုံတို့မှာ အရောင်းအဝယ်ရပ်နေကြောင်း၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာလည်း ကထိန်ရာသီတွင် ကုန်သည်များမစုံလင်သေးသောကြောင့် အရောင်းအဝယ်အေးနေကြောင်း၊ ပဲသစ်ရာသီစိုက်ပျိုးမှုမှာလည်း စတင်နေချိန်ဖြစ်၍ ဇန်နဝါရီလကုန်ပိုင်းမှသာ ပဲအသစ်များ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း ပဲကုန်သည် ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။
↗️ နိုဝင်ဘာ(၆)ရက်တွင် ပို့ကုန်ပဲများအနက် ပဲစင်းငုံမှာပေါက်ဈေးအဖွင့်မရှိ၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၇,၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။
↗️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အမျိုးအစားလိုက် တစ်အိတ်လျှင် ငွေကျပ် ၅,၀၀၀ - ၈,၀၀၀ ခန့် ဈေးပြန်မြင့်တက်လာရာ V2ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၃,၀၀၀၊ V7 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၂၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၃၂,၀၀၀၊ 929 ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ ပေါက်ဈေးရှိနေသည်။
↗️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ နိုဝင်ဘာ(၆)ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၈၈၀,၀၀၀၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၃၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ မြေထောက်ပဲ(မုံရွာ) တစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀ ပေါက်ဈေးရှိနေသည်။
↗️ နှမ်းမျိုးစုံဈေးကွက်မှာ နိုဝင်ဘာ(၆)ရက်တွင် နှမ်းနက်(အက်ဆစ်လွတ်)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၇၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၆၀၀၊ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄,၀၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၆,၃၀၀ အသီးသီးပေါက်ဈေး ရှိနေကြောင်းသိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)