Category | ပိုးသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Cypermethrin 10% W/V |
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် | F2014-937 |
အာနိသင်ဖော်ပြချက် | သီးနှံဖျက်ပိုးမျိုးစုံကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သော ထိသေ၊ စားသေအာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးရည်ဖြစ်သည်။ အဓိကနှိမ်နင်းနိုင်သောပိုး - လိပ်ပြာဖလံအုပ်စု၊ ကျိုင်းအုပ်စုများ၊ ငမြှောင်တောင်၊ ခူမွှေးရှည်၊ ရွက်စားပိုး၊ပျ၊ သီးတောင့်ထိုးပိုး၊ ပင်ဖြတ်ပိုး။ အသုံးပြုနည်း- ရွက်ဖျန်း။ |
အသုံးပြုရန်အညွှန်း | Pyrethroid ဆေးဂန္ဓမာ ဆေးအုပ်စုဖြစ်သည်။ ငမြှောင်တောင်အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးမျိုးစုံအား ထိလျှင်ချက်ချင်း ပြုတ်ကျသေစေသော အထူးဖော်စပ်ထုတ်လုပ်ထားသည့် ဆေးဖြစ်သည်။ ပိုးလောက်ကောင် စတွေ့လျှင်တွေ့ချင်း ပက်ဖျန်းရန်သင့်တော်ပါသည်။ လိပ်ပြာဖလံအုပ်စု၊ကျိုင်းအုပ်စုများအတွက် အာနိသင်အထူးထိရောက်သည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံးလျှင်(၂၀-၈၀)စီစီ။ တစ်ဧကလျှင် (၁၀၀-၄၀၀)စီစီ။ မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။ |
PHI | သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - သီးနှံအားလုံး (၅-၇)ရက် |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၅) |