menu
ပိုးသတ်ဆေးများ   > လူစီ ၅၀၅ အီးစီ

လူစီ ၅၀၅ အီးစီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Lufenuron 5% + Profenofos 50%
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် P2022-5868
အာနိသင်ဖော်ပြချက် ငမြှောင်တောင်၊သီးလုံးဖောက်ပိုးနှင့် မွှားပင့်ကူနီများ ကို ထိရောက်စွာကာကွယ်နိုင်နင်းနိုင်သည့် ထိသေ၊စားသေ၊ပင်လုံးပြန့်အာနိသင်ရှိရေဖျော်ပိုးသတ်ဆေးရည်ဖြစ်သည်။
အသုံးပြုရန်အညွှန်း အသုံးပြုနည်း - ရွက်ဖျန်း။

စပါး၊ပြောင်း၊ပဲတီစိမ်း၊မတ်ပဲ၊မြေပဲ၊နှမ်း၊မြေထောက်ပဲ၊ ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊ခရမ်းချဉ်၊ငရုတ်၊အာလူး၊ကြက်သွန်နီ၊ဝါ၊ ရှောက်၊ လိမ္မော် စသည့်သီးနှံအမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်။

ဆစ်ပိုး၊ရွက်လိပ်ပိုး၊လှေးပိုး၊ဖောငမြှောင်တောင်၊သီးတောင့်ထိုးပိုး၊ပျပိုး၊မွှားပင့်ကူနီ၊ဖြုတ်၊စိန်ကွက်ဖလံ၊ဂေါ်ဖီထုပ်လိပ်ပြာ၊သီးလုံးဖောက်ပိုး စသည့်ဖျက်ပိုးများကို နှိမ်နင်းနိုင်ပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၆၀)စီစီ။
တစ်ဧကလျှင် (၂၀၀- ၃၀၀)စီစီ။

မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)