menu
ပိုးသတ်ဆေးများ   > အက်စ်ဖော့စ် ၅၆၀ အဆိပ်ငွေ့ဆေးပြား

အက်စ်ဖော့စ် ၅၆၀ အဆိပ်ငွေ့ဆေးပြား

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Aluminium Phosphide 560 g/kg
ဆေးမှတ်ပုံတင်အမှတ် F2017-1440
အာနိသင်ဖော်ပြချက် မျိုးစေ့နှင့်စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းများ၊စားသုံးရန်မဟုတ်သောပစ္စည်းများ၊တိရစ္ဆာန် အစားအစာများသိုလှောင်ထားစဉ်ကျရောက်ဖျက်ဆီးသောဖျက်ပိုးများကိုကာကွယ် နှိမ်နင်းနို်င်သောအဆိပ်ငွေ့မှိုင်းတိုက်ဆေးပြားခဲဖြစ်သည်။
အဓိကနှိမ်နင်းနိုင်သောပိုး - စိုက်ပျိုးရေးထွက်ကုန်များ၊ကုန်ကြမ်းနှင့်ကုန်ချောပစ္စည်းများ၊တိရစ္ဆာန်အစားအစာများ၊ သိုလှောင်ထားစဉ်ကျရောက်ဖျက်ဆီးသောဖျက်ပိုးများ။
အသုံးပြုနည်း - သီးနှံသိုလှောင်ရုံတွင်အဆိပ်ငွေ့မှိုင်းတိုက်ခြင်း။
အသုံးပြုရန်အညွှန်း ပြင်းထန်သောအဆိပ်ငွေ့ မှိုင်းတိုက်ပိုးသတ်ဆေးဖြစ်သည်။
သိုလှောင်သီးနှံများတွင် အသုံးပြုသည့်အဆိပ်ငွေ့မှိုင်းတိုက်သည့်ဆေးခဲငယ်လေးများဖြစ်သည်။
လေ၊အစိုဓာတို့နှင့်ထိတွေ့လျှင် အဆိပ်ငွေ့ထုတ်ပေးပြီး သိုလှောင်ဖျက်ပိုးများကို သေစေသည်။
စိုက်ပျိုးရေးထွက်ကုန်များ၊ကုန်ကြမ်းနှင့်ကုန်ချောပစ္စည်းများ၊တိရိစ္ဆာန်အစားအစာများသိုလှောင်ထားစဉ် ကျရောက်ဖျက်ဆီးသော ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
(Phosphine)အဆိပ်ငွေ့သည် အနံ့နှင့်အရောင်မရှိသောကြောင့် အန္တရာယ်မရှိရန် အထူးဂရုပြုသုံးစွဲပါ။
ဆေးနှုန်းထား Silo သိုလှောင်ရုံ(အစားအစာမဟုတ်သောပစ္စည်းများ)-တစ်တန်(၃-၅)ဆေးပြား၊သီးနှံပုံများ/သီးနှံမျိုးစေ့များ-တစ်တန်(၂-၃)ဆေးပြား
PHI -
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၂)