menu
ပိုးသတ်ဆေးများ   > မိုးပျံ ၇၀ ဒဗလျူဒီဂျီ

မိုးပျံ ၇၀ ဒဗလျူဒီဂျီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Chlorfenapyr 2% + Emamectin benzoate 5%
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် P2022-5703
အာနိသင်ဖော်ပြချက် ထိသေ၊စားသေ အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးခဲ ဖြစ်သည်။
အစွမ်းထက် ဆေးအုပ်စု (၂)မျိုးကို ပေါင်းစပ်ထားသောကြောင့် အစွမ်းအာနိသင် ပိုမိုကောင်းမွန်စေပြီး ဖျက်ပိုးများကို လျင်မြန်စွာ နှိမ်နင်းနိုင်သည်။
Emamectin benzoate သည် လိပ်ပြာဖလံအုပ်စုဝင် ပိုးလောက်ကောင်များကို အကြောဆွဲစေပြီး နာရီ အနည်းငယ် အတွင်း အစာစားခြင်း ရပ်တန့်ကာ သေစေသည်။
Chlorfenapyrသည် pyrroleအုပ်စုဝင် ပိုးသတ်ဆေးဖြစ်ပြီး Broad Spectrum အာနိသင်ရှိသည်။
အသုံးပြုရန်အညွှန်း အသုံးပြုနည်း- ရွက်ဖျန်း။

သီးနှံစိုက်ခင်းတွင် ကျရောက်သော ကိုက်ဖြတ်စားပိုးများသာမက မွှားပင့်ကူအပါအဝင် စုပ်စားပိုးများကိုပါ နှိမ်းနင်းနိုင်ပါသည်။

သီးနှံအမျိုးမျိုးတွင် ကျရောက်သော ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ပင်ဖြတ်ပိုး၊ အဖူးထိုးပိုး၊ မွှားပင့်ကူ၊ ပျ၊ လှေး စသည့် ဖျက်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂.၅-၅)ဂရမ်။
တစ်ဧကလျှင် (၁၂.၅ - ၂၅)ဂရမ်။

မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)