Category | ပိုးသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Nitenpyram 10% |
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် | P2021-5431 |
အာနိသင်ဖော်ပြချက် | ပင်လုံးပြန့်အာနိသင်ရှိ ရေပျော်ပိုးသတ်ဆေးရည်ဖြစ်သည်။ စုပ်စားပိုး၏အာရုံကြောစနစ်များကို ထိခိုက်စေပြီး ပိုးကောင်အား နှိမ်နင်းပေးနိုင်သော အာနိသင်ရှိသည်။ |
အသုံးပြုရန်အညွှန်း | အသုံးပြုနည်း- ရွက်ဖျန်း။ သီးနှံမျိုးစုံတွင်ကျရောက်သော စုပ်စားပိုးများကို ထိရောက်စွာနှိမ်နင်းနိုင်သော အစွမ်းထက်ပိုးသတ်ဆေးဖြစ်သည်။ ယင်ဖြူ၊ ပျ၊ ဖြုတ်အမျိုးမျိုး၊ လှေးပိုးအပါအ၀င် အခြားစုပ်စားပိုးများကို နှိမ်နင်းပေးနိုင်သည်။ စပါး၊ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ မြေပဲ၊ဝါ၊ငရုတ်၊ခရမ်းချဉ်၊ဂေါ်ဖီ၊စပျစ်၊နှင်းဆီ၊ဂန္ဓမာ၊ရှောက်၊သံပုရာ၊သရက် စသည့်သီးနှံများတွင် အသုံးပြုနိုင်ပါသည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၅-၂၅)စီစီ။ တစ်ဧကလျှင် (၇၅ - ၁၂၅)စီစီ။ မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။ |
PHI | ဂေါ်ဖီ၊ ရှောက်၊ သံပုရာ၊ နှင်းဆီ၊ ဂန္ဓမာ၊ သရက်၊ စပျစ်၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ငရုတ်၊ ခရမ်းချဉ် (၁၄)ရက်၊ ဝါ၊ စပါး (၇)ရက်။ |