menu
ပိုးသတ်ဆေးများ   > ဒိုင်နမို ၂၀ အီးစီ

ဒိုင်နမို ၂၀ အီးစီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Carbosulfan 20% W/W
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2015-1287
အာနိသင်ဖော်ပြချက် မြေတွင်းအောင်းပိုး၊ သီးနှံဖျက်ပိုးများနှင့် နီမတုတ်များကို ကာကွယ်နှိမ်နင်းနိုင်သော ထိသေ စားသေနှင့် ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေးရည်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - ပင်ဖြတ်ပိုး၊ ဝါယာဝမ်း(ကျောက်ပိုး)၊ ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ဖူးထွေးပွင့်ထွေးပိုး၊ စပါးဆစ်ပိုး၊ ရွက်ထွင်းပိုး၊ ပျ၊ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူနီ၊ အကြေးပိုး၊ ပင်စည်ထိုးယင်၊ မြစ်ဖုနီမတုတ်။

အသုံးပြုနည်း - သီးနှံမစိုက်မီ မြေဆီလွှာကို ပက်ဖျန်းခြင်း၊ သီးနှံစိုက်ပြီး အပင်ခြေကို ပက်ဖျန်းခြင်းနှင့် သီးနှံပင်ပေါ်ပက်ဖျန်းခြင်း။
အသုံးပြုရန်အညွှန်း ကာဘာမိတ်အုပ်စုတွင်ပါဝင်ပြီး မြေတွင်းအောင်းပိုးများ၊သီးနှံဖျက်ပိုးအမျိုးမျိုးနှင့် နီမတုတ်ရောဂါပိုးများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
သီးနှံမစိုက်မီမြေဆီလွှာကိုပက်ဖျန်းခြင်း၊ သီးနှံစိုက်ပြီးအပင်ခြေကိုပက်ဖျန်းခြင်းနှင့် သီးနှံပင်ပေါ်ပက်ဖျန်းခြင်းနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀၀ -၃၀၀)စီစီ။
တစ်ဧကလျှင် (၁၀၀၀-၁၅၀၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - ပြောင်း (၆၀)ရက်၊ ရှောက်သံပုရာ (၇)ရက်၊ ဟင်းသီးဟင်းရွက် (၂၅)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)