menu
ပိုးသတ်ဆေးများ   > အီမာလန်ဒါ ၁၅ ဒဗလျူပီ

အီမာလန်ဒါ ၁၅ ဒဗလျူပီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Emamectin benzoate5% W/W + Lambda-cyhalothrin10% W/W
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် F2018-1690
အာနိသင်ဖော်ပြချက် သီးနှံမျိုးစုံတွင်ဆိုးရွားစွာကျရောက်ဖျက်ဆီးသော ပိုးအမျိုးအစားအားလုံးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည့် ထိသေ စားသေနှင့် ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ရွက်ဖောက်ကျိုင်း၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ လှေးပိုး၊ မွှားပင့်ကူနီ။

အသုံးပြုနည်း- ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း ထိသေ၊စားသေနှင့်ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိသည်။
Emamectin benzoate နှင့် Lambda-cyhalothrin (၂)မျိုးပေါင်းစပ်ထားသည်။
Emamectin benzoateသည် မြေတွင်းမိုက်ခရုပ်(Streptomycesavermitillis)မှရရှိသော အဏုဇီဝပိုးသတ်ဆေးဖြစ်သဖြင့် ဓာတုဗေဒဆေးအုပ်စုများကို ခံနိုင်ရည်ရှိနေသောဖျက်ပိုးများကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။
Lambda-cyhalothrin သည်ဖျက်ပိုးများကို ချက်ချင်းပြုတ်ကျသေစေသော အာနိသင်ရှိသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅-၁၀)ဂရမ်။
တစ်ဧကလျှင် (၂၅-၅၀)ဂရမ်။

မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - ပဲမျိုးစုံ၊ မြေပဲ(၃)ရက်၊ စပါး၊ ဂျုံ၊ ပြောင်း၊ ကြံ၊ နှမ်း၊ အာလူး၊ ဝါ၊ ငရုတ်၊ ဆေးရွက်ကြီး၊ ခရမ်းချဉ်၊ ခရမ်း၊ ကြက်သွန်ဖြူ/နီ၊ ဟင်းသီးဟင်းရွက်၊ ပန်းမာလ်(၈)ရက်၊ လိမ္မော်၊ ရှောက်၊ သံပုရာ(၇)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)