menu
ပိုးသတ်ဆေးများ   > နိုက်ဝမ်း ၂၀ အက်စ်စီ

နိုက်ဝမ်း ၂၀ အက်စ်စီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Indoxacarb 17% + Lambda cyhalothrin 3%
ဆေးမှတ်ပုံတင်အမှတ် F2022-2408
အာနိသင်ဖော်ပြချက် ကိုက်ဖြတ်ဝါးစားသောပိုးအမျိုးမျိုးကိုထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည့်ထိသေ၊စားသေ အာနိသင်ရှိပိုးသတ်ဆေးရည်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - စိန်ကွက်ဖလံ၊ငမြှောင်တောင်၊ရွက်စားပိုး၊ဂေါ်ဖီလိပ်ပြာဖြူ၊၀ါသီးလုံးဖောက်ပိုး၊ခူမွှေးရှည်၊ပျ၊ရွက်လိပ်ပိုး၊ဆစ်ပိုး၊ပင်စည်ထိုးပိုး၊ဖြုတ်စိမ်း။

အသုံးပြုနည်း-ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း Oxadiazine နှင့် Pyrethroid ဓာတုဗေဒဆေးအုပ်စု (၂)ခု ပေါင်းစပ်ထားသည်။
ထိသေစားသေနှင့်Bioactivation(ပိုးကောင်၏ခန္ဓာကိုယ်အတွင်းရှိအင်ဇိုင်းများက ဆေးအာနိသင်ကို တိုးမြှင့်လာစေခြင်း)ဖြစ်ပေါ်စေသော ထူးခြားအာနိသင်ရှိသည်။
ငမြှောင်တောင်အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးများအားပိုးဥနှင့်ပိုးလောက်ကောင်အဆင့်တိုင်းကို သတ်ဖြတ်နှိမ်နင်းနိုင်သည်။
ခံနိုင်ရည်ရှိသောမုံလာဂေါ်ဖီစိန်ကွက်ဖလံလောက်ကောင်များကို နှိမ်နင်းနိုင်သည်။
ဆေးနှုန်းထားအနည်းငယ်အသုံးပြုရုံမျှဖြင့် ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင်(၂-၂၀)စီစီ။ တစ်ဧကလျှင် (၁၂-၁၀၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - သီးနှံအားလုံး (၇-၁၄)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)