menu
ပိုးသတ်ဆေးများ   > လန်ဒါ ၅ အီးစီ

လန်ဒါ ၅ အီးစီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Lambda-cyhalothrin 5% W/V
ဆေးမှတ်ပုံတင်အမှတ် F2014-934
အာနိသင်ဖော်ပြချက် သီးနှံဖျက်ပိုးများကိုလျင်မြန်စွာပြုတ်ကျသေစေပြီးစိုက်ခင်းသို့ထပ်မံမလာအောင်တားဆီးနိုင်သော ထိသေ၊စားသေအာနိသင်ရှိရေဖျော်ပိုးသတ်ဆေးရည်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - ငမြှောင်တောင်၊သီးလုံးဖောက်ပိုး၊ခူမွှေးရှည်၊ရွက်ထွင်းပိုး၊စိန်ကွက်ဖလံ၊ပျ၊ဖြုတ်၊သရစ်လှေးပိုးနှင့်ဖြုတ် ပိုးအမျိုးမျိုး။

အသုံးပြုနည်း-ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း ပြင်းထန်သောထိသေ၊စားသေ အာနိသင်ရှိသည်။
Pyrethroid ဆေးဂန္ဓမာအုပ်စုဖြစ်သည်။
ဆေးနှုန်းထားအနည်းငယ်မျှဖြင့် အင်းဆက်ဖျက်ပိုးအမျိုးမျိုးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။
အင်းဆက်ပိုးကောင်၏ အရေခွံကိုလျင်မြန်စွာထိုးဖောက်စိမ့်ဝင်ပြီးချက်ချင်း ဂျွမ်းပြန်ပြုတ်ကျသေစေသည်။
ဖျက်ပိုးများ၏အာရုံကြောစနစ်ကို တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းဖြင့်ပုံမှန်လှုပ်ရှားနိုင်စွမ်းမရှိတော့ပါ။
ဖလံမကြီး၊ဥနှင့်လောက်ကောင်အဆင့်အားလုံးကို သတ်ဖြတ်နှိမ်နင်းနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၂-၄၀)စီစီ။ တစ်ဧကလျှင် (၆၀-၂၀၀)စီစီ။
တစ်ဧကလျှင် ရေ ၂ဝလီတာဝင်ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - ၀ါ၊ငရုတ်၊ဟင်းသီးဟင်းရွက်(၈)ရက်၊သစ်သီးဝလံဥယျာဉ်ခြံသီးနှံ-(၇)ရက်၊ မြေပဲနှင့်ပဲမျိုးစုံ၊ပဲစင်းငုံ၊နှမ်း-(၃)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)