menu
ပိုးသတ်ဆေးများ   > ဆိုင်လာ ၂၅ ဒဗလျူပီ

ဆိုင်လာ ၂၅ ဒဗလျူပီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Acetamiprid 20% W/V + Lambda- cyhalothrin5% W/V
ဆေးမှတ်ပုံတင်အမှတ် F2019-1999
အာနိသင်ဖော်ပြချက် စုပ်စားပိုးနှင့်ကိုက်ဖြတ်ဝါးစားပိုးအားလုံးကိုကာကွယ်နှိမ်နင်းနိုင်သည့်ထိသေ၊စားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေးမှုန့်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - ငမြှောင်တောင်၊သီးလုံးဖောက်ပိုး၊သရစ်လှေးပိုး၊စုပ်စားပိုးအမျိုးမျိုး၊စိန်ကွက်ဖလံ၊ရွက်ထွင်းပိုး၊သစ်သီးထိုးယင် နှင့် ပင်စည်ထိုးယင်။

အသုံးပြုနည်း-ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း Neonicotinoid နှင့် Pyrethroid အုပ်စုတွင်ပါဝင်သည်။
ငမြှောင်တောင်၊သီးလုံးဖောက်ပိုးအပါအဝင် ကိုက်ဖြတ်ဝါးစားသောပိုးများကို ဂျွမ်းပြန်ပြုတ်ကျသေစေပြီး သရစ်လှေးပိုးအပါအဝင် စုပ်စားပိုးအမျိုးမျိုးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။
နောက်တစ်ကြိမ်ထပ်ပြီးပိုးကျခြင်း (resurgence)မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင်(၁၀-၃၀)ဂရမ်။
တစ်ဧကလျှင်( ၅၀-၁၅၀)ဂရမ်။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ -သီးနှံအားလုံး(၇-၈)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)