menu
ပိုးသတ်ဆေးများ   > အက်စ်ဖိတ် ၇၅ အက်စ်ပီ

အက်စ်ဖိတ် ၇၅ အက်စ်ပီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Acephate 75% W/W
ဆေးမှတ်ပုံတင်အမှတ် F2015-1138
အာနိသင်ဖော်ပြချက် သီးနှံမျိုးစုံတွင်ဆိုးရွားစွာကျရောက်သည့်သီးလုံးဖောက်ပိုး၊ရွက်စားပိုး၊ပွင့်ထွေးပိုး၊ သီးတောင့်ထိုးပိုး၊ခေါင်ညွန့်ထိုးပိုးအမျိုးမျိုးနှင့်အခြားစုပ်စားပိုးမျိုးစုံကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သောထိသေ၊စားသေနှင့်ပင်လုံးပြန့်အာနိသင်ရှိရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး - စပါးဆစ်ပိုး၊ငမြှောင်တောင်၊ရွက်စားပိုး၊သီးလုံးဖောက်ပိုး၊ပွင့်ထွေးရွက်ထွေးပိုး၊သီးထိုးယင်၊ ပျ၊ဖြုတ်အမျိုးမျိုး၊ယင်ဖြူနှင့်သရစ်လှေးပိုး။

အသုံးပြုနည်း-ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း ထိသေ၊စားသေနှင့်ပင်လုံးပြန့်အာနိသင်ပြင်းထန်သော ရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည်။
Organophosphorus Insecticide(OPI) အုပ်စုဖြစ်သည်။
သီးနှံမျိုးစုံတွင်ကျရောက်သော ငမြှောင်တောင်၊ရွက်စားပိုး၊သီးလုံးဖောက်ပိုး၊ပွင့်ထွေးရွက်ထွေးပိုး၊သီးထိုးယင်နှင့်စုပ်စားပိုးမျိုးစုံတို့ကို နှိမ်နင်းနိုင်သည်။
သီးနှံအမျိုးမျိုးကို ပန်းပွင့်ချိန်ကာလတွင် ပက်ဖျန်းရန်အထူးသင့်လျော်ပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင်(၂၀-၁၂၀)ဂရမ်။
တစ်ဧကလျှင် (၁၀၀-၆၀၀)ဂရမ်။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ -သီးနှံအားလုံး(၁၀-၁၅) ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)