menu
ပိုးသတ်ဆေးများ   > နစ်ကို ၇၀ ဒဗလျူပီ

နစ်ကို ၇၀ ဒဗလျူပီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Niclosamide -70%
ဆေးမှတ်ပုံတင်အမှတ် P2018-4377
အာနိသင်ဖော်ပြချက် သီးနှံစိုက်ခင်းများတွင်ခရုဖျက်ဆီးမှုကို အကောင်းဆုံးနှိမ်နင်းနိုင်သော စားသေအာနိသင်ရှိ ခရုသတ်ဆေးဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး-ခရုများ။

အသုံးပြုနည်း- ရွက်ဖျန်း။
အသုံးပြုရန်အညွှန်း စပါးအပါအဝင် သီးနှံအမျိုးမျိုးတွင် ဆိုးရွားစွာဖျက်ဆီးတတ်သော ရွှေခရုများကို သတ်ဖြတ်နိုင်သည့်စားသေနှင့်အဆိပ်ငွေ့အာနိသင်ရှိ ခရုသတ်ဆေးဖြစ်သည်။
ရွှေခရုများသည် တိုက်ရိုက်အစေ့ချစပါးခင်းတွင် စပါးသက်တမ်း(၁)လသား အတွင်းစားသောက်ဖျက်ဆီးမှုများသည်။
ပြောင်းရွှေ့စိုက်ခင်းများတွင် ရွှေ့စိုက်ပြီး(၂-၃)ပတ်သားအတွင်း ဖျက်ဆီးမှုများသည်။
ရွှေခရုအမသည် တစ်လလျှင် ဥအရေအတွက် (၁၀၀၀)မှ(၁၀၀၀၀)ကျော်အထိ ဥနိုင်သဖြင့် ပေါက်ပွားနှုန်းကောင်းသည်။ဥမြုံများကိုကောက်ယူဖျက်ဆီးပါ။
ရွှေခရုများသည် စပါးပင်ကိုအင်အားကောင်းကောင်းဖြင့်ဖျက်ဆီးနိုင်သောကြောင့် နစ်ကိုခရုသတ်ဆေးကို အသုံးပြု၍ ကာကွယ်နှိမ်နင်းပါ။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင်(၃၆-၄၈)ဂရမ်။
တစ်ဧကလျှင်(၁၈၀-၂၄၀)ဂရမ်။
မှတ်ချက်-တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး(၅-၈)ပုံးအသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းမီစောင့်ဆိုင်းရမည့်ကာလ- (၅၂)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၅)