menu
ပိုးသတ်ဆေးများ   > ပရိုဆင့် ၅၀ အက်စ်စီ

ပရိုဆင့် ၅၀ အက်စ်စီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Fipronil 5% W/V
ဆေးမှတ်ပုံတင်အမှတ် F2017-1442
အာနိသင်ဖော်ပြချက် ထိသေနှင့်စား‌သေအာနိသင်ရှိ အစွမ်းထက်ပိုးသတ်ဆေးရည်ဖြစ်သည်။

အဓိကနှိမ်နင်းနိုင်သောပိုး -‌ ဂေါ်ဖီထုပ်/ပန်း၊ မုန်းညင်းမုန်လာတွင် ကျရောက်သော စိန်ကွက်ဖလံ၊ ဂေါ်ဖီလိပ်ပြာဖြူ၊ ထွာ‌ကောင်စိမ်း၊ ပဲပုပ် စားတော်ပဲတွင် ကျရောက်သော ပင်စည်ထိုးယင်၊ ပြောင်းဖူးတွင် ကျရောက်သော ခြ၊ ဆတ်တောက်‌ကောင်၊ မြစ်စားပိုး၊ ပင်စည်ထိုးပိုး၊ ကြက်သွန်နီ၊ ဂန္ဓမာပန်း၊ စပါး၊ ဝါ၊ ရှောက်သံပုရာ၊ စပျစ်တို့တွင် ကျရောက်သော သရစ်လှေးပိုး၊ မုန်လာဥရွက်ဖောက်ကျိုင်း၊ စပါး ဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်ကျောဖြူ၊ ပိုးလောင်မီး၊ ရွက်ခေါက်ပိုး၊ ရွက်လိပ်ပိုး၊ ဝါသီးလုံးဖောက်ပိုး၊ ရွက်စားပိုး၊ ကြံတွင်ကျရောက်သော ခြ။

အသုံးပြုနည်း- ရွက်ဖျန်း။
အသုံးပြုရန်အညွှန် Phenylpyrazole အုပ်စုတွင်ပါဝင်သောကြောင့် အင်းဆက်ပိုးများ၏ပိုးသတ်ဆေးခံနိုင်ရည်ရှိလာခြင်းကိုမဖြစ်အောင်တားဆီးပေးသည်။
ပရိုဆင့်ကိုမြေတွင်းအောင်းပိုးများအားကာကွယ်ရန် မျိုးစေ့ဖြင့်လူးနယ်စိုက်ပျိုးခြင်း၊စိုက်ခင်းအပင်ခြေမြေကြီးကိုဖျန်းခြင်းနှင့်သီးနှံပင်ကိုပက်ဖျန်းခြင်း တို့ဖြင့်ဘက်စုံအသုံးပြုနိုင်ပါသည်။
သီးနှံအမျိုးမျိုးတွင်စားသောက်ဖျက်ဆီးသောပိုးအမျိုးမျိုးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။
ပရိုဆင့်ဆေးအာနိသင်မှာရက်(၆၀)မှ(၉၀)အထိတာရှည်ခံသဖြင့် ဖျက်ပိုးများ၏သက်တမ်းအဆင့်ဆင့်ကိုနှိမ်နင်းနိုင်ပြီး ဆေးဖျန်းကြိမ်လျော့နည်းပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၂၆၀)စီစီ။
တစ်ဧကလျှင် (၂၀၀-၁၃၀၀)စီစီ။
မှတ်ချက် - တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - စပါး (၃၂)ရက်၊ ကျန်သီးနှံအားလုံး (၇)ရက်။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၃)