menu
ပိုးသတ်ဆေးများ   > လိုင်းအောက် ၄၈၀ အက်စ်စီ

လိုင်းအောက် ၄၈၀ အက်စ်စီ

Category ပိုးသတ်ဆေးများ
အစွမ်းရှိပစ္စည်း Flubendiamide 240 g/L +
Thiacloprid 240 g/L
ပိုးသတ်ဆေးမှတ်ပုံတင်အမှတ် P2019-2348
အာနိသင်ဖော်ပြချက် - ဆေးအုပ်စု Diamide နှင့် Neonicotinoids နှစ်မျိုးပေါင်းစပ်ပါဝင်သည့် စားသေနှင့်ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
- ဆေးအုပ်စု Diamide သည်ဖျက်ပိုးများ၏ ကြွက်သားတည်ဆောက်မှုနှင့် အာရုံ‌ကြောစနစ်ကို ဖျက်ဆီးပေးပြီး မလှုပ်ရှားနိုင်တော့သောကြောင့် အစာစားသုံးခြင်းနှင့် အပင်ထိခိုက်ခြင်းမရှိတော့ပဲ ပိုးမွှားများကို နှိမ်နင်းနိုင်ပါသည်။ ထို့ပြင်ပိုးများ၏ ပိုးသတ်ဆေးဒဏ်ခံနိုင်မှုကို လျှော့ချပေးသည်။
- ဆေးအုပ်စု Neonicotinoids သည် ပိုးများ၏ဦးနှောက်နှင့်အာရုံကြောလုပ်ဆောင်မှုကို နှောင့်နှေးထိခိုက်ပြီး ပိုးမွှားများကို သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ Thiacloprid သည် အကောင်းဆုံး ပင်လုံးပြန့်အာနိသင်ရှိပြီး ဆေးနှုန်းထားအနည်းငယ်အသုံးပြုရုံဖြင့် ထိရောက်မှုရှိပါသည်။

- “လိုင်းအောက်”သည် သီးနှံပင်များကို လောင်ကျွမ်းစေမှုလုံးဝမရှိပါဘဲ သီးနှံများပန်းပွင့်နေစဉ်တွင်လည်း ပက်ဖျန်းအသုံးပြုနိုင်ပါသည်။

- ဆစ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဖောငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ မုန်ညင်းမုန်လာလိပ်ပြာဖြူ၊ ပျ၊ ဖြုတ်နှင့် ရွက်လိပ်ရွက်ကပ်ပိုးတို့ကို အထူးနှိမ်နင်းနိုင်ပါသည်။

- စပါး၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်း၊ စပျစ်၊ မုန်ညင်းမုန်လာ၊ သစ်သီးပင်များ နှင့် ဟင်းသီးဟင်းရွက်ပင်များတွင် ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၀-၂၀)စီစီ။
တစ်ဧကလျှင် (၆၀-၁၅၀)စီစီ။
တစ်ဧကလျှင် ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံး (၆-၈)ပုံး အသုံးပြုပါ။
PHI သီးနှံမရိတ်သိမ်းစောင့်ဆိုင်းရမည့်ကာလ - သီးနှံအားလုံး (၁၄ -၂၁)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHS အုပ်စု (၄)