menu

မေခလာ ( ၂ )

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ N-12% P2O5-7% K2O-12%
ဆေးမှတ်ပုံတင်အမှတ် ထလ/ (၁၉၇၇)
အာနိသင်ဖော်ပြချက် သီးနှံပင်များကြီးထွားသီးပွင့်ရန် လိုအပ်သော အဓိက အာဟာရဓာတ်များကို ပေါင်းစပ်ထုတ်လုပ်ထားပြီး အပင်အစိတ်အပိုင်းများအတွင်းသို့ ဝင်ရောက်ပြန့်နှံ့မှုလျင်မြန်သဖြင့် အာနိသင်ပြမှု အလွန်ကောင်းမွန်သည်။
သီးနှံပင်အရွက်များမှ အလွယ်တကူစုပ်ယူနိုင်သောကြောင့် ဆေးဖျန်းပြီးမကြာမီ သီးနှံပင်များလျင်မြန်စွာ စိမ်းစိုကြီးထွားသန်စွမ်း စေပါသည်။
အာဟာရချို့တဲ့၍ ကြုံလှီသေးကွေးနေသော သီးနှံပင်များကို အပင်အထမြန်စေပါသည်။
အစိမ်းရောင်ကလိုရိုဖီးဖြစ်ပေါ်မှုကိုအားပေးသဖြင့် အစာချက်လုပ်မှုအားကောင်းပြီး ကိုင်းဖြာထွက်မှုပိုကောင်းခြင်း၊အပွင့်အသီးများအားကောင်းစေပါသည်။
ဖူးပွင့်သမျှ အသီးတင်စေပြီး မြင့်မားသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းသော သီးနှံများကို ရရှိစေပါသည်။
ရာသီဥတုဖောက်ပြန်မှုနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိစေပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် မေခလာ (၂)ဆေးရည် (၄၀-၁၀၀)စီစီ။
တစ်ဧကလျှင် (၂၀၀-၅၀၀) စီစီ။