menu
ရွက်ဖျန်းအားဆေးများ   > ကွမ်းရွက်အရည်အသွေးကောင်းအလေးချိန်စီးစေရန် အသုံးပြုရမည့်ဆေးများ

ကွမ်းရွက်အရည်အသွေးကောင်းအလေးချိန်စီးစေရန် အသုံးပြုရမည့်ဆေးများ

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ (၁)စပါယ်ရှယ်ကေ ၃ဝဂရမ်၊ (၂)၀ိစာရကွန်ဘီ ၁ဝဂရမ်၊ (၃)ရိုက်(စ်)အပ် ၁ဝစီစီ ပါဝင်ပါသည်။
ဆေးမှတ်ပုံတင်အမှတ် -
အာနိသင်ဖော်ပြချက် -ဖော်ပြပါအားဆေးနှင့်ဟော်မုန်းဆေးများကိုရောစပ်ပက်ဖျန်းခြင်းဖြင့် ကွမ်းရွက်အရည်အသွေးကောင်း အလေးချိန်စီးပြီးအပင်ကြံ့ခိုင်သန်စွမ်းပြီးရာသီဥတုနှင့် ပိုးမွှားရောဂါများဒဏ်ကို ခံနိုင်ရည်ရှိစေနိုင်ပါသည်။ ဟော်မုန်းနှင့် အာဟာရဓါတ်များ အချိုးကျစွာ ထည့်သွင်းထုတ်လုပ်ထားပါသည်။ ကွမ်းရွက်အရောင်အသွေးတောက်ပြောင်သန့်ရှင်း၍ အရွက်ပြန့်ကာကြာရှည်အထားခံပါသည်။ ဈေးကွက်ဝင်ကွမ်းရွက်အရွယ်အစားရရှိပြီးပုံမှန်ထက်အလေးချိန်နှင့် အထွက်(၂၀-၄၀)ရာခိုင်နှုန်း ပိုမိုထွက်ရှိသောကြောင့် စီးပွားရေးတွက်ချေကိုက်ပြီး အကျိုးအမြတ်မြင့်မားစွာရစေပါသည်။
အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း ပင်မကိုင်းလျင်မြန်စွာကြီးထွားပြီး ခူးကိုင်း(ဘေးကိုင်း၊ စလင်းကိုင်း)များ (၂)ဆစ်လျှင်တစ်ကြိမ်နှုန်းဖြင့်အရွက်ထွက်မြန်စေပါသည်။ ကွမ်းထွက်လျော့နည်းသော ဆောင်းနှင့်နွေရာသီများတွင် ပက်ဖျန်းပေးပါက အထွက်မလျော့ဘဲ အထွက်တိုးမြင့်လာစေပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင်တစ်ထုပ်ဖျော်စပ်ပက်ဖျန်းပါ။