Category | ရွက်ဖျန်းအားဆေးများ |
---|---|
ပါဝင်သောပစ္စည်းများ | N-15% P2O5-7% K2O-5% |
ဆေးမှတ်ပုံတင်အမှတ် | ထလ/(၁၉၇၆) |
အာနိသင်ဖော််ပြချက် | သီးနှံပင်၏ အရွက်များမှ အလွယ်တကူ စုပ်ယူအသုံးပြုနိုင်သောကြောင့် သီးနှံပင်လျင်မြန်စွာ စိမ်းစိုကြီးထွားသန်စွမ်းစေပါသည်။ သီးနှံပင်များ၏ အစိမ်းရောင်ကလိုရိုဖီး ဖြစ်ပေါ်မှုကို အားပေးသဖြင့် အစာချက်လုပ်မှုကို အထောက်အကူပြုပြီး အရွက်များစိမ်းလန်းသန်စွမ်းကာ အညွန့်သစ်၊ အရွက်သစ်နှင့် အမြစ်များကို ကြံ့ခိုင်သန်စွမ်းစေပါသည်။ အာဟာရချို့တဲ့၍ ကြုံလှီသေးကွေးနေသော သီးနှံပင်များကို အပင်အထ မြန်စေပါသည်။ သီးနှံပင်ကြီးထွားမှုအဆင့်ဆင့်တွင် လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်သဖြင့် အထွက်နှုန်းကောင်းမွန်စေပါသည်။ မေခလာ(၁)ဆေးရည်ကို အပင်ငယ်စဉ် (၁၀-၁၅)ရက်သားမှ စတင်၍ ပန်းပွင့်ခါနီး အချိန်အထိ (၇)ရက်မှ (၁၀)ရက်ခြားတစ်ကြိမ်နှုန်းဖြင့် တစ်ပင်လုံးနှံ့စပ် စိုရွှဲအောင် ပက်ဖျန်းပေးပါ။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံးလျှင် မေခလာ (၁)ဆေးရည် (၄၀-၁၀၀)စီစီ။ တစ်ဧကလျှင် (၂၀၀-၅၀၀) စီစီ။ |