Category | ပိုးသတ်ဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Acephate-500 g/kg + Monosultap-300 g/kg |
ဆေးမှတ်ပုံတင်အမှတ် | F2023-2406 |
အာနိသင်ဖော်ပြချက် | သီးနှံပင်အစိတ်အပိုင်းများအတွင်းဝင်ရောက်ဖျက်ဆီးသော ကိုက်ဖြတ်စားပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်သည့် ထိသေစားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေးမှုန့်ဖြစ်သည်။ အဓိကနှိမ်နင်းနိုင်သောပိုး - ပြောင်းအဖူးထိုးပိုး၊၀ါသီးလုံးဖောက်ပိုး၊ပျ၊ဖြုတ်စိမ်း၊ဂေါ်ဖီလိပ်ပြာ၊စိန်ကွက်ဖလံ၊အကြေးပိုး၊ဆစ်ပိုး၊ရွက်လိပ်ပိုး၊အဖူးစားပိုး၊ငမြှောင်တောင်၊အဖူးထိုးပိုး၊သီးတောင့်ထိုးပိုး။ အသုံးပြုနည်း- ရွက်ဖျန်း။ |
အသုံးပြုရန်အညွှန်း | ထိသေ၊စားသေနှင့်ပင်လုံးပြန့်အာနိသင်ရှိသည့်အပြင် monosultapတွင် အဆိပ်ငွေ့အာနိသင်ရှိပြီး ပိုးဥများကိုလည်းသေစေသည်။ ဆေးလောင်ကျွမ်းမှုမရှိသဖြင့် သီးနှံမျိုးစုံတွင် အသုံးပြုနိုင်သည်။ ပဲမျိုးစုံတွင်ကျရောက်သော ငမြှောင်တောင်၊ဖူးထွေးပွင့်ထွေးပိုးနှင့်သီးတောင့်ထိုးပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ ဝါသီးလုံးဖောက်ပိုးအမျိုးမျိုးနှင့်ပျ၊ဖြုတ်စိမ်းနှင့်ယင်ဖြူများကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။ စပါးတွင်ကျရောက်သောဆစ်ပိုး၊ရွက်လိပ်ပိုးနှင့် ဖြုတ်ညို၊ဖြုတ်စိမ်းတို့ကို ကာကွယ်နှိမ်နင်းနိုင်သည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံးလျှင်(၆၀-၇၅)ဂရမ်။ တစ်ဧကလျှင်(၃၀၀-၃၇၅)ဂရမ်။ မှတ်ချက်-တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၅-၈)ပုံး အသုံးပြုပါ။ |
PHI | သီးနှံမရိတ်သိမ်းမီစောင့်ဆိုင်းရမည့်ကာလ-(၂၁-၃၀)ရက် |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၄) |