menu

နတ်ဆေး

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ Alcohopolyglycol Ether 85%
ဆေးမှတ်ပုံတင်အမှတ် -
အာနိသင်ဖော်ပြချက် - နတ်ဆေးကို စိုက်ပျိုးရေးဆေးများနှင့် ရောစပ်သုံးစွဲခြင်းဖြင့် သီးနှံပင်များတွင် ပက်ဖျန်းသည့်ဆေးများ ကောင်းစွာပြန့်နှံ့ပြီး တွယ်ကပ်အားကောင်းစေပါသည်။ ဤသို့ဖြင့် ဆေးအာနိသင်တာရှည်ခံပြီး ပိုမိုထိရောက်ပါသည်။

- နှံစားသီးနှံများ၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမာန်များ နှင့် ဥယျာဉ်ခြံသီးနှံများအားလုံးတွင် အသုံးပြုနိုင်ပါသည်။

- အရွက်ဖယောင်းလွှာထူပြီး မျက်နှာပြင်ပြောင်ချောနေသည့်သီးနှံပင်များနှင့် အရွက်ထောင်မတ်သော အပင်များတွင်မဖြစ်မနေ အသုံးပြုသင့်ပါသည်။

- နတ်ဆေး ရောစပ်အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ.....

၁။ နတ်ဆေးကို စိုစွတ်စေသောပစ္စည်းများဖြင့်ဖော်စပ်ထားသောကြောင့် ဆေးများတစ်နေရာတည်းတွင် စုပုံမ‌နေဘဲ အပင်နှင့်အရွက်ဧရိယာများအားလုံးသို့ ပြန့်နှံ့စေခြင်းဖြင့် အသုံးပြုသည့်ဆေးအာနိသင် ပိုမိုထိရောက်စေပါသည်။

၂။ မိုးရေနှင့်နှင်းကြောင့် ဆေးများလျှောကျဆုံးရှုံးမှု သက်သာစေပါသည်။

၃။ ဓာတုဗေဒဆေးများကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေမှုမရှိခြင်း တို့ဖြစ်ပါသည်။
ဆေးနှုန်းထား ရေ( ၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅-၁၀)စီစီနှုန်းဖြင့် မိမိပက်ဖျန်းမည့်ဆေးနှင့်အတူရောစပ် အသုံးပြုပါ။