menu
ရွက်ဖျန်းအားဆေးများ   > ဟီးရိုးပလပ်(စ်)

ဟီးရိုးပလပ်(စ်)

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ N2 - 0.61%
K2O - 2.18%
Agrisol A - 1.00%
ဆေးမှတ်ပုံတင်အမှတ် ထလ/(၆၈၈)
အာနိသင်ဖော်ပြချက် မျိုးစေ့များကို ဆေးရည်စိမ်ခြင်း၊ လူးနယ်၍ စိုုက်ပျိုးခြင်းဖြင့် အမြစ်ထွက်နှုန်း မြန်ဆန်စေပြီး အပင်ပေါက်နှုန်းကောင်းပါသည်။ အပင်ကြီးထွားမှု လျင်မြန်စေပါသည်။

ပျိုးပင်များကို ဆေးရည်စိမ်၍ စိုုက်ပျိုးပါက အမြစ်ထွက်နှုန်း လျင်မြန်ခြင်းကြောင့် အပင်ကြီးထွားမှု မြန်စေသည်။

အသုံးပြုနည်းများ

သီးနှံ
စပါး၊ ဂျုံ၊ ပြောင်း၊ ကြံ၊ ပဲအမျိုးမျိုး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ သစ်သီးဝလံ၊ ပန်းမာလ်၊ ဟင်းသီးဟင်းရွက်များ။

မျိုးစေ့ဆေးစီရင်ခြင်း
ရေနို့ဆီဘူး (၄)ဘူးတွင် ဆေးရည် (၁၀)စီစီနှုန်းဖြင့် ဖျော်စပ်ပြီး မျိုးစေ့များအား လူးနယ်စိုုက်ပျိုးပါ။

ရွက်ဖျန်းအသုံးပြုခြင်း
(၄)ဂါလန်ဝင်ဆေးဖျန်းပုံးတစ်ပုံးလျင် ဆေးရည်(၁၀)စီစီနှုန်း ဖျော်စပ်ပြီး အပင်ကြီးထွားချိန်၊ သီးပွင့်ဝင်ချိန်၊ ရင့်မှည့်ချိန်များတွင် (၇)ရက်ခြား ပုံမှန်ပက်ဖျန်းပါ။
ဆေးနှုန်းထား ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၀)စီစီ နှုန်း အသုံးပြုပါ။