Category | ရွက်ဖျန်းအားဆေးများ |
---|---|
ပါဝင်သောပစ္စည်းများ | ဓနတိုး (၁) Major-nutrients: N (နိုင်ထရိုဂျင်ဓာတ်) .. ၃ % w/v P2O5 (ဖော့စဖိတ်ဓာတ်) .. ၆ % w/v Micro-nutrients Boron (B) ... 250 ppm Magnesium (Mg) ... 1250 ppm Manganese (Mn) ... 1250 ppm Molybdenum (Mo) ... 6500 ppm Zinc (Zn) ... 3500 ppm ဓနတိုး (၂) Major-nutrients: N (နိုင်ထရိုဂျင်ဓာတ်) .. ၁၆.၁ % w/v |
ဆေးမှတ်ပုံတင်အမှတ် | ဓနတိုး (၁) - ထလ/(၁၄၆၁) ဓနတိုး (၂) - ထလ/(၁၄၆၂) |
အာနိသင်ဖော်ပြချက် | - အရွက်မှ လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်သောပုံစံဖြင့် ထုတ်လုပ်ထားသဖြင့်ဆေးဖျန်းပြီး နာရီပိုင်းအတွင်း အပင်အတွင်းသို့ အာဟာရဓာတ်များ ရောက်ရှိပြီး စိမ်းလန်းသန်စွမ်းလာခြင်း။ - စိုက်ပျိုးပြီး သီးနှံပင်များတွင် ပက်ဖျန်းခြင်းဖြင့် လျင်မြန်စွာ အပင်ထစေခြင်း၊ ကြီးထွားစေခြင်း၊ အပွင့်အသီးစောခြင်း၊ များပြားစေခြင်း။ - သီးနှံပင်အရွက်များ၏ အစိမ်းရောင် ကလိုရိုဖီးဖြစ်ပေါ်မှုကို အားပေးသဖြင့် အရွက်များစိမ်းစိုတောက်ပပြီး အစာချက်လုပ်မှုကောင်းမွန်ခြင်းနှင့် သီးကိုင်းဖြာထွက်မှု ကောင်းခြင်း။ - ဖူးပွင့်သီးကင်းဝင်ချိန်တွင် ပက်ဖျန်းပေးပါက ပန်းပွင့်အားကောင်းခြင်း၊ သီးပွင့် ကြွေမှုနည်းခြင်း၊ အသီးတင်အားကောင်းခြင်း၊ အသီးနှင့် အစေ့အဆံ များပြားစေခြင်း။ - ပဲအမျိုးမျိုးတွင် ပရိုတင်းဓာတ် ကြွယ်ဝပြီး အရည်အသွေး ကောင်းစေခြင်း။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံးလျှင် ဓနတိုး(၁)ဆေးရည် (၂၅)စီစီ နှင့် ဓနတိုး(၂)ဆေးရည် (၂၅)စီစီ ရောစပ်ပက်ဖျန်းပါ။ |
ရရှိနိုင်သော ဗူးအရွယ်အစား | ဓနတိုး (၁) - ၅၀၀ စီစီ တစ်ဗူး ဓနတိုး (၂) - ၅၀၀ စီစီ တစ်ဗူး |