menu
ရောဂါကာကွယ်ကုသဆေးများ   > ရွှေဝါ ၇၅၀ ဒဗလျူပီ

ရွှေဝါ ၇၅၀ ဒဗလျူပီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Mancozeb 50% + Cymoxanil 25%
ဆေးမှတ်ပုံတင်အမှတ် P2022-5981
အာနိသင်ဖော်ပြချက် လယ်ယာသီးနှံ၊ သစ်သီးခြံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမာလ်များတွင် ကျရောက်ဖျက်ဆီးသော မှိုရောဂါအမျိုးမျိုးကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်သည့် ထိသေနှင့် ပင်လုံးပြန့်အာနိသင်ရှိရေဖျော်မှိုသတ်ဆေးမှုန့်ဖြစ်သည်။ အဓိကနိမ်နင်းနိုင်သော ရောဂါ - အာလူး၊ခရမ်းချဉ်တွင်် ကျရောက်သော စောပင်နာကျ၊ နှောင်းပင်နာကျ၊ စပျစ် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အသီးပုပ်ရောဂါ၊ ကြက်သွန်နီ/ဖြူ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ ဖရဲ၊ သခွားမွှေး ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ပင်စည်ခြောက်ရောဂါ၊ ငရုတ် ကိုင်းဖျားခြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ၊ ပဲတီစိမ်း၊ မတ်ပဲ ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါများ။

အသုံးပြုနည်း - ရွက်ဖျန်း ၊ မျိုးစေ့လူးနယ်ခြင်း နှင့် မြေပြင်ပေါ်ပက်ဖျန်းခြင်း။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး (၂၅-၅၀)ဂရမ်နှုန်း။ တစ်ဧကလျှင် (၂၀၀-၄၀၀)ဂရမ်နှုန်း။ တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၈)ပုံး အသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်း/ခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်- အာလူး၊ ခရမ်းချဉ်၊ ကြက်သွန်နီ/ဖြူ၊ ဖရဲ၊ သခွာမွှေး၊ငရုတ် (၂၁)ရက်၊ စပျစ် - (၂၈)ရက်၊ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ - (၁၄)ရက်။
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)