menu

ကာဗာ ၂၅ အက်စ်စီ

Category ရောဂါကာကွယ်ကုသဆေးများ
အစွမ်းရှိပစ္စည်း Azoxystrobin 25% W/V
ဆေးမှတ်ပုံတင်အမှတ် F2020-2942
အာနိသင်ဖော်ပြချက် မှိုရောဂါမျိုးမျိုးကို ကာကွယ်ခြင်းနှင့်အမြစ်ပြတ်နှိမ်နင်းနိုင်သော ထိုးဖောက်စိမ့်ဝင်
ပင်လုံးပြန့် အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။
အဓိကနိမ်နင်းနိုင်သောရောဂါ
ဂန္ဓမာသံချေးဖြူ၊ ကြက်သွန်တောက်တဲ့့မြီးရောဂါ၊ ဒေါင်းနီးရွက်ခြောက်၊ ငရုတ်၊ သရက် မှဲပြောက်စွန်းရောဂါ၊ အာလူးနှောင်းပင်ကျ၊ ခရမ်းချဉ်နှောင်းပင်ကျရောဂါ၊ စပျစ်ငှက်မျက်စိ၊ ဖားဥမှိုရောဂါ။
အသုံးပြုနည်း-ရွက်ဖျန်းး။
အသုံးပြုရန်အညွှန်း မျိုးဆက်သစ်ဆေးအုပ်စုတွင်ပါဝင်ပြီး ထိုးဖောက်စိမ့်ဝင်နှင့်ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးဖြစ်သည်။
မှိုရောဂါစပိုးမျိုးစေ့ပေါက်ပွားမှုကို တားဆီးပေးပြီး မှိုမျှင်ကြီးထွားမှုကိုဟန့်တားပေးသောအာနိသင်ရှိသည်။
Dicarboxamide နှင့် Benzimidazole ဆေးအုပ်စုများကို ခံနိုင်ရည်ရှိသော ရောဂါများအားအမြစ်ပြတ် သတ်ဖြတ်နှိမ်နင်းနိုင်သည်။
ဆေးနှုန်းထားအနည်းငယ်သာသုံးရသော အစွမ်းထက်မှိုသတ်ဆေးဖြစ်သည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံး (၁၀-၂၀)စီစီနှုန်း။
တစ်ဧကလျှင် (၅၀-၁၀၀)စီစီနှုန်း။
တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၈)ပုံး အသုံးပြုပါ။
PHI ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက်-ဂန္ဓမာ၊ကြက်သွန်၊ငရုတ်၊အာလူး၊ခရမ်းချဉ်-(၁၅-၂၀)ရက်၊ စပျစ်၊သရက်-(၁၄)ရက်
အဆိပ်ဖြစ်မှုအဆင့်အတန်း GHSအုပ်စု (၅)