Category | ရောဂါကာကွယ်ကုသဆေးများ |
---|---|
အစွမ်းရှိပစ္စည်း | Copper oxychloride 45 % + Kasugamycin 2 % |
ဆေးမှတ်ပုံတင်အမှတ် | P2024-6351 |
အာနိသင်ဖော်ပြချက် | ထိသေနှင့်ပင်လုံးပြန့်အာနိသင်ရှိ ဘက်တီးရီးယားနှင့် မှိုရောဂါ ကာကွယ်ကုသဆေးဖြစ်သည်။ စပါး၊ ပဲအမျိုးမျိုး၊ ဖရဲ၊ သခွား၊ သခွားမွှေး၊ ငရုတ်၊ ခရမ်းချဉ်၊ အာလူး၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည့်ဟင်းသီးဟင်းရွက်ပင်များ နှင့် ပန်းမန်ပင်များတွင်ကျသော ဘက်တီးရီးယား နှင့် မှိုရောဂါများအတွက် ကာကွယ်ဆေးအဖြစ်ရော ကုသဆေးအတွက်ပါ သုံးနိုင်ပါသည်။ အသုံးပြုနည်း - ရွက်ဖျန်း |
အသုံးပြုရန်အညွှန်း | Copper oxychloride သည် ထိသေအာနိသင်ပါဝင်ပြီး ရောဂါဖြစ်ပွားစေသော စပိုးဆဲလ်များကိုသေစေနိုင်သည့် အဆင့်မြင့်ဘက်တီးရီးယား နှင့် မှိုရောဂါ ကာကွယ်ကုသဆေးဖြစ်သည်။ Kasugamycin မှာ ပင်လုံးပြန့်အာနိသင်ပါရှိပြီး ဘက်တီးရီးယားနှင့် မှိုရောဂါများကို ကြိုတင်ကာကွယ်ရန် နှင့် ရောဂါကျရောက်ချိန်တွင် အမြစ်ပြတ်ကုသရန် အာနိသင်ထက်မြက်သည်။ |
ဆေးနှုန်းထား | ဆေးဖျန်းပုံးတစ်ပုံး (၅၀-၇၅)ဂရမ်နှုန်း။ တစ်ဧကလျှင် (၂၅၀-၃၇၅)ဂရမ်နှုန်း။ တစ်ဧကလျှင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး (၅-၆)ပုံး အသုံးပြုပါ။ |
PHI | ဆေးဖျန်းပြီးနောက်ရိတ်သိမ်းခူးဆွတ်ရန်စောင့်ဆိုင်းရမည့်ရက် - (၂၁ - ၂၈)ရက် |
အဆိပ်ဖြစ်မှုအဆင့်အတန်း | GHS အုပ်စု (၄) |