menu

ရိုက်(စ်)အပ်

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ Amino Acid 40%
N - 5168 ppm, Mg(AHD)-4430ppm,
S-17300ppm, Mn-4528ppm, B-63ppm, Mo-115ppm, Cu-3545ppm, Zn-2170ppm, Na-1148ppm
ဆေးမှတ်ပုံတင်အမှတ် ထလ/ ၁၃၄၇
အာနိသင်ဖော်ပြချက် သီးနှံပင်များကြီးထွားမှုလျှင်မြန်စေရန်နှင့် ပန်းပွင့်အားကောင်းစေရန်၊ ပွင့်ညှာခိုင်စေရန်၊ အသီးတင်စေရန်၊ ပန်းမျိုးစုံအရောင်အသွေးလှပစေရန် အသုံးပြုနိုင်ပါသည်။ သီးနှံပင်များ၏ အပင်တွင်း ဇီဝကမ္မလုပ်ငန်းစဉ်များကို ပုံမှန်ထိန်းညှိပေးသော ဆေးစွမ်းကောင်း ဖြစ်သဖြင့်သီးနှံအထွက်နှင့် အရည်အသွေးပါကောင်းမွန်စေသည်။
အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း မြေဩဇာကျွေးပြီးလျှင်ပက်ဖျန်းပေးပါက အာဟာရဓာတ်များကိုအပင်မှလျင်မြန်စွာစုပ်ယူရရှိစေသည်။ တစ်ခါတစ်ရံအခြားဆေးများမှားယွင်းပက်ဖျန်းမိ၍ အပင်အရွက်ပုံစံပျက်ပါက "ရိုက်စ်အပ်" ဖြင့်ပြန်၍ကုစားနိုင်ပါသည်။ မူမှန်အရွက်များပြန်ထွက်လာစေသည်။ မိုးဆက်တိုက်အုံ့နေပြီး နေရောင်ခြည်ကောင်းစွာမရသည့်အခါ သီးနှံပင်များပုံမှန်အစာချက်ရန်အတွက်အားဖြည့်ပေးသည်။ အာလူး၊ ကြက်သွန်များမတူးဖော်ခင် (၁၀)ရက်အလိုပက်ဖျန်းပေးပါက သိုလှောင်စဉ် ကြာကြာအထားခံပါသည်။
ဆေးနှုန်းထား ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀-၄၀)စီစီနှုန်း။