menu
ရွက်ဖျန်းအားဆေးများ   > နှမ်း အထွက်တိုးရန် အသုံးပြုရမည့် အားဆေးများ

နှမ်း အထွက်တိုးရန် အသုံးပြုရမည့် အားဆေးများ

Category ရွက်ဖျန်းအားဆေးများ
ပါဝင်သောပစ္စည်းများ (၁) အပ်ဂရိုတ် (Up-Grade) ရွက်ဖျန်းမြေသြဇာ (N-19%, P2O5-19%, K2O-19%) (250)g
(၂) ဝိစာရကွန်ဘီ အနည်းလိုအာဟာရ (100)g
(၃) ရိုက်စ်အပ် (Rise Up) (50)cc
ဆေးမှတ်ပုံတင်အမှတ် -
အာနိသင်ဖော်ပြချက် နှမ်း အရည်အသွေးကောင်း အလေးချိန်စီးပြီး အထွက်တိုးစေရန်လိုအပ်သောအာဟာရဓာတ်များပါဝင်ပါသည်။ နှမ်းပင်ပင်ဆုံး၊ သီးဆုံး၊ သီးရှဉ်းဆိုင်၊ သီးရှဉ်းထပ် အသီးတင်စေပါသည်။ နှမ်းအထွက်နှုန်း နှင့် ဆီထွက်နှုန်းမြင့်မားစေပါသည်။

အသုံးပြုနည်း - ရွက်ဖျန်း
အသုံးပြုရန်အညွှန်း နှမ်းပင်(၂၀-၄၀)ရက်သားတွင် ပထမအကြိမ် ပက်ဖျန်းပေးခြင်းဖြင့် နှမ်းပင်စည်တောင့်တင်း တုတ်ခိုင်သန်မာ၍ အပင်ကြီးထွားမှုကောင်း၊ အပွင့်အားကောင်းပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်စေပါသည်။ နှမ်းပင်(၄၅-၅၀)ရက်သားပန်းပွင့်စုံဖြိုင်ချိန်တွင် ဒုတိယအကြိမ်ပက်ဖျန်းပေးခြင်းအားဖြင့် ပန်းပွင့်များမကြွေကျဘဲ အညှာခိုင်ကာပန်းပွင့်တိုင်းသန္ဓေအောင်၍ အစေ့အဆံပြည့်ဝအောင်မြင်သော သီးရှဉ်းများများတင်စေပါသည်။
ဆေးနှုန်းထား တစ်ဧကလျှင် အပ်ဂရိုတ်အရွက်ဖျန်းမြေသြဇာ (၂၅၀)ဂရမ် + ဝိစာရကွန်ဘီ (၁၀၀)ဂရမ် + ရိုက်စ်အပ် (၅၀)စီစီ တို့ကို (၂) ကြိမ်ခွဲ၍ပက်ဖျန်းပါ။